DVB Logo
Home
မြန်မာသတင်း
ငပလီဒေသခံ လူငယ် ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်ချ
DVB
·
May 20, 2022
ငပလီဒေသခံ လူငယ် ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်ချ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူ လွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ငပလီဒေသခံ လူငယ်တယောက်ကို မေလ ၂၀ ရက်မှာ သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ  သံတွဲဒေသခံတယောက်က စစ်တပ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်မှာ အခင်းဖြစ်တဲ့နေရာမှာတင် ပြန်လည်လွှတ်ပေးဖို့ သွားရောက်ပြောဆိုခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ကို ၂၀၂၂ ဖေဖော်ဝါရီလမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး တရားစွဲခဲ့တာဖြစ်ပါတယ်။  

ဒီနေ့မှာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ် လိုက်တယ်လို့ သူ့ရဲ့ အစ်မဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်မျိုးသင်ဇာထွန်းက ပြောပါတယ်။

“ကိုဟန်မျိုးသူရိန်ကို ထောင်ဒဏ် တစ်နှစ်ချမှတ်ပါတယ်။ အလုပ်တော့မပါဘူး။ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရှိတယ်” လို့ပြောပါတယ်။

ငပလီဒေသခံ ကိုဟန်မျိုးသူရိန်ကို လူစုလူဝေးဖြစ်အောင် ဦးဆောင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံ သံတွဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က တရားလိုလုပ်ကာ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကိုဟန်မျိုးသူရိန်ဟာ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားသူခဲ့သူဖြစ်သလို NGO အဖွဲအစည်းတွေမှာလည်း လူ့အခွင့်ရေးဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013