DVB Logo
Home
အားကစား
မာတင်နယ်လီနှင့် အန်ဝါနရီတို့ကို ရောင်းချရန် အာဆင်နယ် ပြင်ဆင်နေ
DVB
·
August 14, 2026
အန်ဝါနရီ။ Photo:Reuters
အန်ဝါနရီ။ Photo:Reuters
Donate to DVB

အာဆင်နယ်အသင်းဟာ ဒီအပြောင်းအရွှေ့ကာလမှာ ကစားသမားတချို့ကို ရောင်းချဖို့ တူရကီကလပ် ဂါလာတာစာရေးအသင်းနဲ့ ဆွေးနွေးနေတယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။

ရောင်းချမဲ့အထဲမှာ ဂါဘရီယယ် မာတင်နယ်လီနဲ့ အီသန် အန်ဝါနရီတို့ ပါဝင်နေပြီး ဂါလာတာစာရေးဘက်က မာတင်နယ်လီအတွက် ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းထားပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ တူရကီကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ဒီဆွေးနွေးမှုတွေအတွင်းမှာ ဂါလာတာစာရေး တိုက်စစ်မှူး အိုဆင်ဟန်ရဲ့ အနာဂတ် အကြောင်းကို လည်း နှစ်သင်းကြား ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အသက် ၁၉ နှစ်အရွယ် အန်ဝါနရီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေကြပြီး အာဆင်နယ်အသင်းဟာ တခြားကစားသမားတချို့ကိုပါ ရောင်းချပြီး ပေါင် ၄၅ သန်းလောက် ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ BBC Sport သတင်းဌာနက ဖော်ပြထားပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013