DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၆၀ ကျော်ပျက်စီး
DVB
·
May 18, 2022
မအူပင်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၆၀ ကျော်ပျက်စီး
1 / 6
Donate to DVB

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ နေအိမ်အလုံး ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။ 

မအူပင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စု ၁၂ စုမှာ လေပြင်းတိုက်ခတ်လို့ ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း  ၁၆၂ လုံးရှိပြီး  ပြိုကျတဲ့အိမ်က  ၃၂ လုံးထိရှိခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးကပြောပါတယ်။ 

“ညနေပိုင်း မိုးကြီးပြီး လေပြင်းပါ တိုက်တော့ ရွာဘက်တွေမှာ တော်တော်ပျက်စီးသွားတာ။ လဆန်းပိုင်းက ဖြစ်သလိုပေါ့။ လူထိခိုက်တာမျိုးတော့ မရှိဘူး။ ခုတော့ ထောက်ပံ့တာတွေလုပ်ပေးထားပြီ။” 

လေပြင်းတိုက်ခတ်လို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ကမိသားစုဝင်တွေကို နီးစပ်ရာ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ယာယီနေထိုင်ဖို့စီစဉ်ပေးထားပြီး တပတ်စာ စားနပ်ရိက္ခာထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။ 

မအူပင်မြို့မှာ မေလ ၂ ရက်ကလည်း လေပြင်းတိုက်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း ၂ ကျောင်းအပါဝင် လူနေအိမ် ၁၅၇ လုံး ပျက်စီးခဲ့ပြီး အဲ့အထဲမှာ နေအိမ် ၈၄ လုံးပြိုကျခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013