
ချဲလ်ဆီးအသင်းဟာ အဲဗာတန်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၀ ရက်အတွင်း ၄ ပွဲဆက်တိုက် ရှုံးနိမ့်ကာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
ဒုတိယအသင်းခေါင်းဆောင် အန်ဇိုဖာနန်ဒက်စ်ကလည်း အရင်နည်းပြ မာရက်စကာ ထွက်သွားပြီးကတည်းက အသင်းရဲ့ တည်ဆောက်ပုံနဲ့ ဦးတည်ချက် ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို နည်းပြရိုဆင်နီယာရဲ့ အလှည့်ကျ လူထုတ်ပုံတွေ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။
အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေဟာ အသင်းပိုင်ရှင် တော့ဘိုလီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ပြုလုပ်ဖို့အထိ စီစဉ်နေကြပြီး လက်ရှိမှာ ချဲလ်ဆီးဟာ အဆင့် ၆ နေရာအထိ ကျဆင်းသွားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများနေပါတယ်။










