DVB Logo
Home
မြန်မာသတင်း
အမေရိကန်- အာဆီယံ အထူးထိပ်သီးအစည်းအဝေးကြေညာချက်အပေါ် စစ်ကောင်စီ အပြင်းအထန် ကန့်ကွက်
DVB
·
May 15, 2022
အမေရိကန်- အာဆီယံ အထူးထိပ်သီးအစည်းအဝေးကြေညာချက်အပေါ် စစ်ကောင်စီ အပြင်းအထန် ကန့်ကွက်
Donate to DVB

အမေရိကန်- အာဆီယံ အထူးထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး အပြင်းအထန်ကွန့်ကွက်ကြောင်း  စစ်ကောင်စီ  နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်မှာကြေညာပါတယ်။ 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ   မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ   အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးအပြီး  ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။

အဆိုပါပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက် မှုတွေကို အထူးပြုထည့်သွင်းဖော်ပြထားတဲ့ စာပိုဒ်ပါရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အဆိုပါစာပိုဒ်ကို ထည့်သွင်းခြင်းမပြုဖို့ တောင်းဆိုခဲ့ပေမဲ့ အာဆီယံရဲ့ တူညီဆန္ဒမပါရှိဘဲ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ဒီစာပိုဒ်မှာပါတဲ့ အသုံးအနှုန်းတွေဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ပါ အချက်တွေထက် ကျော်လွန်နေတဲ့ တောင်းဆိုချက်တွေ ပါဝင်နေတာတွေ့ရလို့ အဆိုပါ စာပိုဒ်အမှတ် ၂၆ ကို ပြတ်သားစွာပယ်ချပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးကနေ အချက် ၂၇ ချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စာပုဒ် တပုဒ် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်အကျပ်အတည်း အခြေအနေအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ဒီအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကတဆင့် ကြိုးပမ်းနေမှုအပေါ်မှာ ထောက်ခံအားပေးကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ နိုင်ငံခြားသားတွေအပါအဝင်  နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီကြေညာချက်ကို ကန့်ကွက်တဲ့အပြင်  အမျိုးသားညီညွတ်ရေးအစိုးရ NUG  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ဝါရှင်တန်မှာ တွေ့ဆုံခဲ့ခြင်းအပေါ်မှာလည်း ပြင်းထန်စွာ ကန့်ကွက်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ NUGနဲ့ ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ဒီလို တွေ့ဆုံတာဟာ နိုင်ငံတကာနဲ့ ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်စေကြောင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ မိတ်ဖက်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ လွှတ်တော် အမတ်တွေအနေနဲ့  NUG နဲ့ ထိတွေ့ဆက်ဆံ အားပေးပံ့ပိုးခြင်တာ မပြုလုပ်ကြဖို့လည်း တောင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့  အမေရိကန် - အာဆီယံ အထူးထိပ်သီးအစည်းအဝေးမှာ   မြန်မာပြည်က အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုခဲ့သလို  တခြားဆက်စပ်အစည်းအဝေးတွေတက်ရောက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုလည်း တက်ရောက်ခွင့်မပြုခဲ့ပါဘူး။

ဒါပေမဲ့   NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာနက တရားဝင်ဖိတ်ခေါ်ခဲ့ပြီး  အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့လည်း မေလ ၁၂ ရက်နေ့က တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

အလားတူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်ဒီစီမှာ မေလ ၁၄ ရက်က တွေ့ဆုံခဲ့ပါတယ်။

Photo- Singapore PM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013