DVB Logo
Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်အပေါ် စစ်ကောင်စီကစွပ်စွဲထားသည့် အဂတိမှု ၉ မှု မေလ ၁၆ ရက်နေ့ အမိန့်ချမည်
DVB
·
May 13, 2022
မွန်ဝန်ကြီးချုပ်အပေါ် စစ်ကောင်စီကစွပ်စွဲထားသည့် အဂတိမှု ၉ မှု မေလ ၁၆ ရက်နေ့  အမိန့်ချမည်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ အဂတိအမှု ၉ မှုလုံးကို လာမယ့် မေလ ၁၆ ရက်မှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားပါတယ်။

အဲဒီအဂတိမှုတွေအတွက် မေလ ၁၃ ရက်ဒီကနေ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။

အခုရုံးချိန်းမှာတော့ ဝန်ကြီးချုပ်ရဲ့ အဂတိအမှု အားလုံးအတွက် နှစ်ဖက် လျှောက်လဲချက်ပေးပြီး လာမယ့် မေလ ၁၆ ရက်မှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုအားလုံးအတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေဟာ အမှု တစ်မှု အတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်တဲ့အမှုဖြစ်ပြီး အမှု ၉ မှုအတွက် ထောင်ဒဏ် ၁၃၅  နှစ်ချမှတ်နိုင်တဲ့ အမှုတွေဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေထံက သိရပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ တဖက်မှာတော့ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော် သြဇာသုံးမှု အမှု ၃ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအမှုအတွက်လည်း စစ်ကောင်စီ တရားသူကြီးက စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်မှာ နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013