DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့နယ်၌ ၃ လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံး
DVB
·
May 13, 2022
ရွာငံမြို့နယ်၌ ၃ လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဖမ်းဆီးခံရကာ နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ချေမှုန်းဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၁၁၂၊ ခမရ ၁၁၅ နဲ့ ရပ်စောက်-ဗထူးမြို့ အခြေစိုက် ခမရ ၅၀၈၊ ခမရ ၅၀၉ တို့က တပ်သားအင်အား ၃၀၀ လောက်ဟာ ရွာငံမြို့၊ နွားဘန်းကြီးကျေးရွာနဲ့ ပဲယင်းတောင်ကျေးရွာတွေမှာ တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်ရပ်တွေကြောင့် နွားဘန်းကြီး၊ လွှစင်၊ လယ်ကိုင်းနဲ့ ပဲရင်းတောင် ကျေးရွာတွေက ပြည်သူ ၈၀၀ ကျော်ဟာ မိမိတို့နေအိမ်တွေကို စွန့်ခွာကာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ဒေါ်ယိင်းလျန်းဟန်က "ရွာငံမြို့က မြေပြန့်ဒေသနဲ့ နီးစပ်တော့ PDF တွေ အင်အား ဒီထက်ပိုတောင့်တင်းရင် သူတို့အတွက် အန္တရာယ်ရှိနိုင်တယ်ထင်လို့ အခုလို နှိမ်နင်းနေတာ ဖြစ်မယ်။ မေလထဲအထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ။ ရွာငံမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာ ဘယ်သူမှမသိဘူး။ ရွာငံက စစ်ဘေးရှောင်တွေကို ဝိုင်းပြီး ကူညီပေးကြပါ။ အာရုံစိုက်ပေးကြပါ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ ၁၀ ဦးထဲမှ ၉ ဦးဟာ ပဲရင်းတောင်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး စစ်ဘေးရှောင်နေရာက နေအိမ်ကို ပြန်ရာလမ်းမှာ ဖမ်းဆီးခံရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013