DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲသစ်ကျင်းပမည့်အပေါ် ပြည်နယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများ ကန့်ကွက်
DVB
·
May 12, 2022
ရွေးကောက်ပွဲသစ်ကျင်းပမည့်အပေါ် ပြည်နယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများ ကန့်ကွက်
Donate to DVB

ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးပမ်းမှုမှန်သမျှ   ဥပဒေနဲ့လုံးဝ မညီတဲ့အတွက် ကန့်ကွက်တယ်လို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၂ ခုက မေလ ၁၂ ရက် ဒီကနေ့ ပူးတွဲ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၂၀  ပါတီစုံအထွေထွေ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်စေဖို့ ရည်ရွယ်ပြီး ဥပဒေနဲ့ ညီညွတ်ခြင်းလုံးဝမရှိတဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးပမ်းနေမှု မှန်သမျှကို မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့  အန်အယ်လ်ဒီပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀  ပါတီစုံအထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်းကြေညာထားခဲ့ပြီး  ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေရဲ့ ထောက်ခံမှုနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပီအာစနစ်နဲ့ ရွေးကောက်ပွဲသစ်ကျင်းပဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

အဲဒီလို ကြိုးပမ်းနေမှုတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်တဲ့   ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ဆန့်ကျင်ကန့် ကွက်ကြောင်းနဲ့ တရားမဝင်ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြတဲ့  နွေဦးတော်လှန်ရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အားလုံးကို ထောက်ခံကြောင်း  လွှတ်တော်ကိုယ်စားပြုကော်မတီတွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို ပြတ်သားစွာ ငြင်းဆန်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီတွေအနေနဲ့လည်း ပြင်းထန်စွာ ရှုတ်ချတယ်လို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ ကြေညာချက်တစ်စောင် ကို မေ ၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း၊ အဲဒီထုတ်ပြန်ချက်ဟာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလွဲသုံးစားပြုလျက် လွဲမှားတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုဟန်နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ကြိုးပမ်းနေမှုတွေ  မပြုနိုင်အောင် တားဆီးနိုင်ခဲ့ တာတွေကြောင့် အပြည့်အ၀ထောက်ခံ ကြောင်းလည်းဖော်ပြထားပါတယ်။

အဆိုပါပူးတွဲကြေညာချက်ကို ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီစုစုပေါင်း ၁၂ ခုက ပူးပေါင်း ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013