DVB Logo
Home
မြန်မာသတင်း
မြန်မာ MOU အလုပ်သမားများ ၃၀၀ ကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထပ်မံဝင်ရောက်
DVB
·
May 11, 2022
မြန်မာ MOU အလုပ်သမားများ ၃၀၀ ကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထပ်မံဝင်ရောက်
1 / 4
Donate to DVB

MOU ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၀၀ ကျော် ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ   မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂  ကိုဖြတ်ပြီး   ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့ကို   မေလ ၁၁ ရက်က မနက်က ထပ်မံဝင်ရောက်လာပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့်   ထိုင်းမှာအလုပ်လာလုပ်ဖို့ ၂ နှစ်ကျော် ဆိုင်းငံ့ခံထားခဲ့ရတဲ့ မြန်မာ MOU အလုပ်သမားတွေဟာ မနေ့က ပထမဆုံးအသုတ်အနေနဲ့ ၂၈၈ ဦး စတင်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ ၃၀၁ ဦး ထပ်မံဝင်ရောက်လာပါ။ 

မနေ့ကနဲ့ ဒီနေ့ နှစ်ရက် စုစုပေါင်း မြန်မာအလုပ်သမား ၅၈၉ ဦးတို့ဟာ   ကျန်းမာရေးအဆင့်ဆင့်ကိုစစ်ဆေးပြီးမှ ထိုင်းနိုင်ငံကို တရားဝင် ပြည်ဝင်ခွင့်နဲ့ ရောက်ရှိလာတာဖြစ်ပြီး အားလုံးဟာ ချွန်းပူးရီးခရိုင်ရှိ Panuspoultry Group Co., Ltd ကြက်သားထုတ်လုပ်ရေးစက်ရုံ တစ်ရုံတည်းမှာပဲ လုပ်ငန်းခွင်ဝင်ကြရမှာပါ။ 

MOU စနစ်နဲ့ ဝင်ရောက်လာတဲ့အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ စစ်ဆေးပြီး ကင်းစင်ကြောင်းအထောက်အထား၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ချောင်းထိုးထားတဲ့အထောက်အထား ၊ နိုင်ငံကူးလက်မှတ်တွေ ပြသရမှာ ဖြစ်ပါတယ်။

သူတို့ကို ထိုင်းကျန်းမာရေးဌာနက SWAB နဲ့ ကိုဗစ်-၁၉ ထပ်စစ်ပြီး ပိုးတွေ့သူတွေမှသာ ကွာရန်တင်းဝင်ရမယ်လို့ ဆိုပါတယ်။

ဒုတိယနေ့ ထပ်မံဝင်ရောက်လာသူတွေကို မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ကြိုဆိုပြီး  ကျန်းမာရေးဌာနက ကိုဗစ်-၁၉ အပြင် တားမြစ်ရောဂါ ၆ မျိုး (  အနာကြီး၊ ဆင်ခြေတောက်၊ ငှက်ဖျား ၊ အရက်စွဲ ၊ ဆစ်ဖလစ်ကာလသား၊ ၊  ပြင်းထန်တဲ့အဆုတ်ရောဂါ) စစ်ဆေးခြင်း ၊ လဝက မှ ပြည်ဝင်ခွင့်ဗီဇာတုံးထုခြင်း ၊ တာ့ခ်ခရိုင်အလုပ်သမားရုံးမှ အလုပ်သမားကဒ်လုပ်ပေးဖို့ ဓာတ်ပုံရိုက်ခြင်းတွေ ပြုလုပ်ပါတယ် ။ 

တာ့ခ်ခရိုင်  မဲဆောက် ၊ အုန်းဖျံနဲ့ ဖုပ်ဖရမြို့နယ်ထဲမှာ မနက်သွား - ညပြန်  အနေနဲ့ လာရောက်အလုပ်လုပ်မယ့်အလုပ်သမားတွေလည်း Border Pass နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ နေ့ချင်းပြန်ဝင်ရောက်လုပ်ကိုင်နိုင်ပြီလို့ သတင်းမှာ ဖော်ပြပါတယ် ။ 

ဒီမေလထဲမှာ MOU အလုပ်သမား ဝင်ရောက်မှု ဒီတကြိမ်သာရှိပြီး နောက်တစ်ကြိမ်ကတော့ လာမယ့်ဇွန်လဆန်းပိုင်းမှာမှ ထပ်ဝင်လာရမယ်လို့   တာဝန်ရှိသူက သတင်းသမားတဦးကို ပြောပါတယ်။ 

အခုလို မြန်မာအလုပ်သမားတွေ တရားဝင်လာမယ့်သူတွေ များမယ်ဆိုရင် တရားမဝင်လာတဲ့သူတွေ နည်းပါးသွားမယ်လို့ မဲဆောက်မြို့နယ်ရဲ ဒါရိုက်တာရဲမှူးကြီး မွန်းဆာကယောက်အော်ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲမှာ တရားဝင် MOU အနေနဲ့ရော ၊ တရားမဝင်လမ်းကြောင်းကနေပါ ဝင်ရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေရတဲ့ အလုပ်သမားတွေဟာ မြဝတီခရိုင်တစ်ခုတည်းမှာတင် ၁၀၀၀၀ ကျော်လောက်ရှိနေတယ်လို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013