DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ သတင်းထောက် ကိုမျိုးမင်းထွန်းကို ၆ လကျော်အထိ မိသားစု တွေ့ခွင့်မရသေး
DVB
·
May 11, 2022
ဖမ်းဆီးခံ သတင်းထောက် ကိုမျိုးမင်းထွန်းကို ၆ လကျော်အထိ မိသားစု တွေ့ခွင့်မရသေး
Donate to DVB

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က မြစ်မခသတင်းဌာန သတင်းထောက်ဟောင်းဖြစ်သူ ကိုမျိုးမင်းထွန်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ၆ လကျော်ကြာအထိ မိသားစုနဲ့တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

မြစ်မခအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေ အောက်တိုဘာလပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးတာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ကိုမျိုးမင်းထွန်းကို ဖမ်းတာ ၆ လကျော်သွားပြီ ခုချိန်ထိတွေ့ခွင့်မရသေးဘူး။ သူ့အစ်ကို ဆုံးတာတောင် သူ သိရဲ့လားမသိဘူး။ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို စစ်ကောင်စီက မိသားစုနဲ့ တွေ့ခွင့်မပေးတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

သတင်းထောက် ကိုမျိုးမင်းထွန်း ဖမ်းဆီးခံရပြီး ၆ လပြည့်ခါနီးမှာ အစ်ကိုဖြစ်သူ သတင်းထောက်ဟောင်း ကိုမြမင်းဦး ရုတ်တရက်သေဆုံးခဲ့ပေမယ့် ကိုမျိုးမင်းထွန်း သတင်းမသိနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက သတင်းထောက် ကိုမျိုးမင်းထွန်းကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်းထောက် ကိုမျိုးမင်းထွန်းဟာ အာဏာသိမ်းပြီး ၂ လအကြာမှာ အလုပ်ကနေ ရပ်နားခဲ့သူ ဖြစ်တာကြောင့် အခုလို ဖမ်းဆီးတရားစွဲတာ မဖြစ်သင့်ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ဖမ်းဆီးပြီး မတ် ၂၃ ရက်မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013