DVB Logo
Home
မြန်မာသတင်း
မြင်းမူ Black Eagle PDF တပ်ဖွဲ့၏ ကင်းစခန်း စီးနင်းခံရ၊ ပြည်သူ့ရဲဘော် ၈ ဦး ကျဆုံး
DVB
·
May 9, 2022
မြင်းမူ Black Eagle PDF တပ်ဖွဲ့၏ ကင်းစခန်း စီးနင်းခံရ၊ ပြည်သူ့ရဲဘော် ၈ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာအနီးမှာ မေ ၉ ရက် မနက်ပိုင်းက မြင်းမူ Black Eagle Defense Force – MMU တပ်ဖွဲ့ရဲ့ ကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ၈ ယောက်  ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

MMU အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ မြောင်ပြည်သူ့ကာကွယ်‌ရေးတပ်မှ ဗိုလ်သမန်ကျားက  “အလစ်ဝင်စီးတယ်။ အဲဒီလို စခန်းကို စီးပြီး  ရဲဘော် ၈ ဦးကို ပစ်သတ်သွားကြတယ်။ ဒီကောင်တွေ တစ်သက်မကျေဘူး။ ကလဲ့စားချေရမှ ကျေနပ်မယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မေလတလတည်းတင် မြင်းမူမြို့နယ်အတွင်းက ညောင်ပင်ရှည်ရွာကို မီးရှို့ခဲ့သလို စစ်ကိုင်းတိုင်းတွင်းမှာရှိတဲ့ မြို့နယ်တွေက ကျေးရွာတွေကိုပါ နေစဉ်လိုလို မီးရှို့နေလို့ ဒေသခံတွေ မီးဘေးသင့် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဖြစ်နေရပါတယ်။ 

အဲဒီဒုက္ခသည်တွေဟာ နေစရာအိမ်တွေ မရှိဘဲ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့သတင်မီဒီယာတွေကတော့ မြင်းမူ Black Eagle Defense Force – MMU တပ်ဖွဲ့ရဲ့ ကင်းစခန်း စီးနင်းမှုနဲ ပတ်သက်ပြီး  ဒီကနေ့ မနက် ၆ နာရီလောက်က မြင်းမူမြို့နယ် ပဲကူကျေးရွာအနီး PDF စခန်းတစ်ခု တွေ့ရှိတဲ့အတွက် တိုက်ခိုက်ရာမှာ အလောင်း ရှစ်လောင်း၊ လက်လုပ်သေနတ် လေးလက်၊ လက်လုပ်မိုင်း ငါးလုံး၊ ဖုန်း (၁၅)လုံး၊ ယမ်းကြိုးခွေ သုံးခွေ၊ ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီအိုး နဲ့ ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့ တယ် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013