DVB Logo
Home
မြန်မာသတင်း
စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာနရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေ
DVB
·
May 7, 2022
စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာနရုံးကို  စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေ
Donate to DVB

ရခိုင်သတင်းဌာနတခုဖြစ်တဲ့ နိရဉ္စရာရဲ့  ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊  မကျည်းမြိုင်ရှိ ရုံးကို  မေလ ၇ ရက် ဒီနေ့မနက်က စစ်ကောင်စီလက်အောက်ခံရဲ၊ စရဖ အဖွဲ့ဝင်တွေအပြင် အရပ်ဝတ်နဲ့ အမျိုးသမီးရဲမေတွေကပါ  လာရောက် စီးနင်း ရှာဖွေခဲ့တယ်လို့ အဆိုပါ သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံ တယောက်ကလည်း “ဒီနေ့ မနက်ပိုင်းက မကျည်းမြိုင်မှာရှိတဲ့  နိရဉ္စရာရုံးကို ရဲတပ်ဖွဲ့တွေ၊ ရဲမေတွေနဲ့ အရပ်ဝတ်နဲ့ လူတွေပါတယ်။ ရုံးက ဝန်ထမ်းတွေ ဘယ်မပျောက်လဲဆိုပြီး ပတ်ဝန်းကျင်ကို မေးတယ်။ ဘာကြောင့် လာရောက်တာလဲဆိုတာ ကျနော်တို့လည်း မသိဘူး” လို့ပြောပါတယ်။ 

နိရဉ္ဇရာ ရုံးဟောင်းနေရာကို ဒီနေနံနက်ပိုင်းက ရဲတပ်တွေဝင်တွေက လာရောက် ရှာဖွေခဲ့တာတွေရှိခဲ့ပြီး ဘာ​ကြောင်လာပြီးရှာဖွေတာလည်းဆိုတာကို မသိရသေးဘူးလို့ နိရဉ္ဇရာသတင်းဌာန လက်ထောက်အယ်ဒီတာ ဦးမာန်ယုကျော်ကပြောပါတယ်။" ဒီနေ့ နံနက်ပိုင်းက မကျဉ်းမြိုင်ရပ်ကွက်မှာရှိတဲ့ ကျွန်တော်တို့ ရုံးဟောင်းကို ရဲတပ်ဖွဲ့တွေက လာရောက်ရှာဖွေတယ်လို့ သိရတယ်။ ဘာကြောင့် လာရှာတယ် ဘယ်သူကို လာရှာတယ်ဆိုတာတော့မသိရသေးဘူး။ အခုလို သတင်းဌာနတွေကို ရဲတပ်ဖွဲ့ဝင်တွေက လာရှာဖွေတာက ကျွန်တော်တို့ မီဒီယာကို ခြိမ်းခြောက်တဲ့ သဘောဖြစ်ပြီး သတင်းတွေရေးတဲ့အခါ အခက်အခဲတွေရှိနိုင်သလို သတင်းစားသုံးသူတွေအတွက်လည်း သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ မရနိုင်တော့ဘူး"လို့ပြောပါတယ်။

ရဲတပ်ဖွဲ့တွေက ဘကြောင့် လာရောက်ရှာဖွေတယ်ဆိုတာ မသိရသေးပေမဲ့ လွန်ခဲ့တဲ့လပိုင်းက နိရဉ္စရာသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် မချစ်အိလှိုင်နေအိမ်ဟာ အိမ်ဘေးရှိနေအိမ်နဲ့ အခင်းဖြစ်ပွါးခဲ့တဲ့အတွက်  အဆိုပါနေအိမ်ပိုင်ရှင်တွေက နိရဉ္စရာသတင်းဌာနနဲ့ အယ်ဒီတာချုပ်ကိုပါ အမှုဖွင့်တိုင်ကြားထားတာနဲ့ ပတ်သက်နိုင်တယ်လို့ ​ဒေသခံတချို့က ခန့်မှန်း ပြောဆိုနေကြပါတယ်။

နိရဉ္စရာ သတင်းဌာနနဲ့ နီးစပ်သူက "အခုလို ဖမ်းဆီးဖို့ရှာဖွေတာကတော နိရဉ္စရာသတင်းဌာနက အမျိုးသမီးသတင်းထောက်တစ်ဦးရဲ့ နေအိမ်အနီး ပတ်ဝန်းကျင်နေအိမ်တို့ ပြဿနာဖြစ်ကြတဲ့ကိစ္စ ပါပါဝင်နေတယ်"လို့ ထင်တယ်လို့ ဆိုပါတယ်။

နိရဉ္စရာရုံးကတော့ သူ့ဝန်ထမ်းတွေကို သက်ဆိုင်ရာက ဆက်လက်ရှာဖွေနေတဲ့အတွက် လောလောဆယ် နိရဉ္စရာ သတင်းဌာနအနေနဲ့ သတင်းသတင်းထုတ်လုပ်မှု ခေတ္တရပ်နားထားမယ်လို့ အသိပေးကြေညာထားပါတယ်။

ပြီးခဲတဲ့ ၂၀၁၉ ခုနှစ် မေလ ၁ ရက်ကလည်း ရခိုင်အခြေစိုက်   DMG သတင်းဌာနရဲ့  အယ်ဒီတာချုပ်ကို မတရား အသင်းဆက်သွယ်မှဒ ပုဒ်မ ၁၇/၂ နဲ့  ရဲတပ်ဖွဲ့(SB)က တရားစွဲဆိုထားသလို၊ ဒု-တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်အမျိုးသမီးတယောက်ကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အပြင်  ပုဒ် ၅၀၅(က)နဲ့ပါ စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှာ စစ်တပ်က တရားစွဲထားပါတယ်။

ဒါ့အပြင် မောင်တော အခြေစိုက် DMG သတင်းထောက် တယောက်ကိုလည်း  ၂၀၂၀ ဒီဇင်ဘာ ၁၀ ရက်နေ့က ဆက်သွယ်ရေးပုဒ်မနဲ့ အမူဖွင့်ထားခဲ့ပေမဲ့ တရားစွဲဆိုနိုင်ခြင်း မရှိခဲ့ဘဲ အမှု ရုပ်သိမ်း လိုက်ပါတယ်။

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့  Western News သတင်းဌာနက တည်ထောင်သူ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တယောက်ကိုလည်း  ပလက်ဝအခြေစိုက် တပ်ရင်းတစ်ခုက အလံဖြူထောင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့  သတင်းရေးသားမှုကြောင့် စစ်တပ်က စစ်တွေခရိုင်တရားမှာ တရားစွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013