DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ကို စွန့်ခွာသည့် မြို့ပြပြောက်ကျား ၃ ဖွဲ့ရှိလာ
DVB
·
May 7, 2022
မန္တလေးမြို့ကို စွန့်ခွာသည့် မြို့ပြပြောက်ကျား ၃ ဖွဲ့ရှိလာ
Donate to DVB

မြို့ပေါ်မှာ နေထိုင်ဖို့ ခက်ခဲလာတာကြောင့် မန္တလေးမြို့ကို စွန့်ခွာမယ်လို့ ကြေညာတဲ့ မြို့ပြပြောက်ကျား ၃ ဖွဲ့ရှိလာပြီဖြစ်ပါတယ်။

Dragon Warrior၊ အနက်ရောင်သေမင်းနဲ့ Myanmar Revolution Rangers Force တို့ဟာ မန္တလေးမြို့ကို စွန့်ခွာပြီလို့ အသီးသီးကြေညာခဲ့ကြတာပါ။

“ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များနှင့် ပူးပေါင်းပါဝင်မှုအားနည်းလှတဲ့ မန္တလေးမြို့ကြီးမှာ ဆက်လက်၍ တော်လှန်နေလည်း မထူးတော့ပြီမို့ နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့လေပြီ” လို့ Myanmar Revolution Rangers Force က မေလ ၅ ရက်က ထုတ်ပြန်ပါတယ်။

Dragon Warrior အဖွဲ့ကလည်း "ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူ များနေတော့ ကျနော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီ။ မန်းသူ မန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့။ မန်းမြို့ပေါ်မှာ ကျနော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွာသွားရပေမဲ့ တချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်" လို့ မေလ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Dragon Warrior ဟာ အစောဆုံးဖွဲ့ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေထဲမှာ အပါအဝင်ဖြစ်ပြီး လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေတဲ့အဖွဲ့ဖြစ်ပါတယ်။

အနက်ရောင်သေမင်းအဖွဲ့ကတော့ သူတို့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့တဲ့ ထုတ်ပြန်ချက်ကို ပြန်ဖျက်ထားပေမယ့် မန္တလေးမြို့က ထွက်ခွာသွားပြီလို့ ကြေညာထားတဲ့ Dragon Warrior၊ Y.G.N/(Burmese Rangers Army-Local Pdf) တို့နဲ့ တရားဝင်ပူးပေါင်းပြီး မဟာမိတ် ဖွဲ့စည်းလိုက်တယ်လို့ ကြေညာပါတယ်။

မန္တလေးမြို့က တော်လှန်ရေးသမားတွေနဲ့ နီးစပ်သူတယောက်က “အိမ်ငှားဖို့ကလည်း တော်တော် ခက်လာတာကို တွေ့ရတယ်။ ဒီအလုပ်လုပ်နေသူတွေမှန်းသိရင် မငှားချင်ကြတာ။ ဧည့်စာရင်း တိုင်ခိုင်းတာမျိုးတွေရှိတယ်။ ဧည့်စာရင်းတိုင်ဖို့မလိုတဲ့ နေရာတွေ ဆိုရင်လည်း ငှားခက အများကြီး ပေးရတယ်။ တခြားမြို့တွေမှာလည်း မငှားချင်ကြတာတွေ ရှိချင်ရှိမှာပေါ့။ ဒါက မန္တလေးမှာကြုံရတာကို ပြောတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်နေ့က မြစ်ငယ် PDF က ဒဏ်ရာရရဲဘော်တယောက်နဲ့အတူ အဖွဲ့ဝင် ၅ ယောက်ဟာ မန္တလေးမြို့က တည်းခိုခန်းတခုမှာ တည်းခိုနေတုန်း စစ်တပ်က သတင်းရပြီး ဝင်ရောက်ဖမ်းဆီးချိန် တော်လှန်ရေးရဲဘော်တွေက ပြန်ခုခံရင်း ၅ လောက်လုံး ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013