DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့ရှိ လက်နက်ယန္တရားတပ်ဂိတ် သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
May 6, 2022
အမရပူရမြို့ရှိ လက်နက်ယန္တရားတပ်ဂိတ် သေနတ်ဖြင့် ပစ်ခတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ပ.လ.စ ၂ လက်နက်ယန္တရားတပ်ဂိတ်ကို မေ ၃ ရက် မနက်ပိုင်းက သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့အတွင်းမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့ကြားက Rangers Of Mandalay မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်ညီအစ်ကိုတွေ ပူးပေါင်းပြီး အမရပူရမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်နက်ယန္တရားတပ်ဂိတ်ကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

Rangers OF Mandalay အဖွဲ့က ဗိုလ်ဖီးနစ်က "စစ်တပ်က ဖိနှိပ်စစ်ဆေးနေတဲ့ကြားက ကျနော်တို့ ရအောင်ထွက်တယ်။ ရအောင်တိုက်ခိုက်နေတယ်ဆိုတာ ပြချင်တာပါ။ အခုလက်ရှိ တော်လှန်ရေးကို အားစိုက်တဲ့ မြို့ပေါ်က ပြည်သူတွေက အရမ်းကို စိတ်ဓာတ်ကျနေကြပြီ။ မြို့ပေါ်နေ လူတန်းစားအများစုက ရေပေါ်ဆီတွေ များတဲ့အတွက် တော်လှန်ရေးမှာ ပါဝင်စေချင်လို့ ကျနော်တို့တွေ အသက်ရင်းပြီး ရအောင်လုပ်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပေါ်မှာ ဒီရက်ပိုင်း ဖမ်းဆီးအသတ်ခံရတာတွေ များလာပြီးနောက် တချို့ မြို့ပြပြောက်ကျားတပ်တွေဟာ တော်လှန်ရေးကို ရပ်နားတာမျိုး မဟုတ်ပေမဲ့ မန္တလေးမြို့ကိုစွန့်ခွာပြီး နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013