DVB Logo
Home
မြန်မာသတင်း
တောင်ငူခရိုင်တွင် စစ်တပ်က PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်း
DVB
·
May 6, 2022
တောင်ငူခရိုင်တွင် စစ်တပ်က PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ၊ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် KNLA တပ်ရင်း  ၆ နယ်မြေမှာ မေ ၄ ရက်က  KNLA ၊ PDF စခန်း ၂ ခုကို စစ်ကောင်စီတပ်က သာလွန်အင်အားတွေနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် စခန်းတွေကို စွန့်ခွာခဲ့ရတယ်လို့ ကေအန်ယူသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအခြေစိုက်  ခလရ ၇၃ တပ်ဖွဲ့ဝင်တွေက KNLA/PDF လှည်းဘွဲကြီးစခန်းနဲ့ ထန်တပင်မြို့နယ်  PDF စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သံတောင်ကြီးမြို့နယ်၊ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားလှယ် ဒေါက်တာအားကာမိုး(ခ)နော်ခရစ္စထွန်းရဲ့ အမျိုးသားဖြစ်သူ ဦးစိုင်းမောင်အံ (CDM ခိုလုံသူ) ကျဆုံးပြီး  PDF တပ်ဖွဲ့ဝင်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူသတင်းရင်းမြစ်က “စကစ က ဒရုန်းနဲ့ကြိုတင် ကင်းထောက်လှမ်းပြီး မနက်စောစောမှာ စခန်း ၂ ခုလုံးကိုဝင်စီးတာ။ လက်နက်ငယ် လက်နက်ကြီး ဖိပစ်ပြီးဝင်လာတာ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသားက ထိမှန်သေဆုံးပြီး အမျိုးသမီးကတော့ လွတ်သွားတယ်။ စခန်းက လက်နက်တချို့ လည်း ပါသွားတယ်” လို့ ပြောပါတယ်။

မေ ၂ ရက်က ရှားစေးဘို၊ ရေလျံတပ်စခန်းတွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား ၂ စီးနဲ့ အင်အားဖြည့်တင်းလာပြီးနောက် မေ ၃ ရက် မနက် ၃ နာရီလောက်က လယ်ကူးရွာ ၊ခူထီးလို (ချောင်း) ကတဆင့် ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ဝင်ရောက်လာပြီး ညအချိန် ဒရုန်းနဲ့ ကင်းလှည့်ထောက်လှမ်းခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မေ ၅ ရက် မနက် ၁၀ နာရီလောက်က ဇရပ်ကြီးရဲစခန်းမှူး မျိုးထွန်းဝင်းဟာ အရပ်ဝတ်နဲ့ ဇရပ်ကြီးဈေးအတွင်းက လက်ဖက်ရည်ဆိုင်မှာထိုင်နေစဉ် သေနတ် ၆ ချက်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ စခန်းမှူးဟာ ဇရပ်ကြီးဒေသခံ အပြစ်မဲ့လူငယ်တွေကို  PDF စွပ်စွဲပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေသူလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013