DVB Logo
Home
မြန်မာသတင်း
ကျည်အတောင့် ၅,၀၀၀ ရရှိရေး RKDF အလှူခံ၊ ပထမဆုံးနေ့တွင် အလှူ‌ငွေ ၃၅ သိန်းကျော်ရရှိ
DVB
·
May 5, 2022
ကျည်အတောင့် ၅,၀၀၀ ရရှိရေး RKDF အလှူခံ၊ ပထမဆုံးနေ့တွင် အလှူ‌ငွေ ၃၅ သိန်းကျော်ရရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲတခုဖြစ်တဲ့ Ranger Kalay Defense Force (RKDF) က ၁၅ ရက်အတွင်း ကျည်အတောင့် ၅,၀၀၀ ရရှိနိုင်ရေး project ကို မေ ၄ ရက်မှာ စတင်ခဲ့ပါတယ်။

အဲ့ဒီ project ဟာ လတ်တလော ကလေးမြို့နယ် တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ကျည်ဆန်အများအပြား လိုအပ်နေတာကြောင့် challenge ပြုလုပ်ရတာလို့ ဆိုပါတယ်။

"Lipstick 5000 Project စတဲ့နေ့မှာပဲ ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အလှူငွေ ၃၅ သိန်းကျော် ရရှိခဲ့ပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားရင် ၁၅ ရက်ခေါ်ထားတဲ့ Challenge ကျည် ၅,၀၀၀ ဖိုးဟာ ပြည့်သွားနိုင်ပါတယ်။ ပြည့်အောင် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးမယ်လို့လည်း ယုံကြည်ပါတယ်" လို့ RKDF တပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြည်သူတွေကို အသိပေးထားပါတယ်။

RKDF တာဝန်ခံက "အလှူငွေကောက်ခံပြီး ပထမဆုံးနေ့မှာပဲ ပြည်တွင်းပြည်ပက အလှူငွေ ၃,၅၀၀,၂၀၀ ရရှိခဲ့တယ်။ လှူဒါန်းသူဦးရေ ၁၀၀ ကျော်တယ်။ Random ကျည်အမျိုးအစား တတောင့်ကို ၁,၀၀၀‌ ကျော်ရှိပြီး ဒီနေ့တရက်တည်းကို အလှူ‌‌ငွေ‌တွေ အများကြီး ရရှိသွားတယ်။ ပြည်သူတွေ ဆက်လက်ပြီး ပူးပေါင်းပါဝင်ပေးကြပါ။ အခုအခြေအနေမျိုးတိုင်းဆိုရင် နှုတ်ခမ်းနီ ၅,၀၀၀ Challenge ဟာ အောင်မြင်နိုင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ပြီး သူက "ယနေ့လှူဒါန်းပေးပါသော ပြည်သူတဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပြည်သူသာလျှင် အဓိကမို့ နောက်ရက်တွေမှာလည်း ဒီနှုန်းထားအတိုင်း ဆက်လက်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်" ‌လို့ ကျေးဇူးတင်စကား ဆိုထားပါတယ်။

ပထမဆုံးနေ့မှာပဲ အလှူငွေရရှိကြောင်းကို ပြည်သူတွေထံ သတင်းကောင်း သီးသန့်အနေနဲ့ တင်ပြလိုတာသာဖြစ်ပြီး ပြည်သူတွေအနေနဲ့ Challenge ပြည့်မီ ကျော်လွန်တဲ့အထိ ဆက်လက်ပံ့ပိုးပေးကြဖို့လည်း RKDF က မေတ္တာရပ်ခံထားပါတယ်။

အလှူငွေလှူဒါန်းပါဝင်တဲ့ ပြည်သတယောက်ချင်းစီကိုလည်း Certificate‌ ပေးမှာဖြစ်ပြီး အလှူငွေလှူဒါန်းခြင်းနဲ့ project အကြောင်း အသေးစိတ်သိရှိလိုပါက RKDF ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာရဲ့ messenger က‌နေ‌ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013