DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ်အနီး ကျပ်သိန်း ၁၀၀၀ ဓားပြတိုက်ခံရ
DVB
·
May 2, 2022
ကမ္ဘောဇဘဏ်အနီး ကျပ်သိန်း ၁၀၀၀ ဓားပြတိုက်ခံရ
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း၊ ၁၁၀ လမ်းနဲ့ ၆၄ လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်အနီးမှာ မေလ ၂ ရက် နေ့လယ် ၁ နာရီခွဲလောက်က  ဓားပြတိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ကို လာတဲ့သူတယောက်ထံကနေ   လူ ၄ ယောက်က  Mark II အိမ်စီးကား တစီးနဲ့ ရောက်ပြီး ငွေကျပ် သိန်း ၁၀၀၀ လုယူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အနီးပတ်ဝန်းကျင်ရှိ ပြည်သူ တဦးက  “ဘဏ်မှာ ငွေသွင်းလာတာလား။ ငွေထုတ်လာတာတော့ မသိဘူး။ ဖြစ်တာတော့ ဘဏ်နားမှာ ဖြစ်တာ။ လုတဲ့သူတွေမှာ သေနတ်တွေပါတယ်လို့တော့ ပြောသံကြားတယ်။ တချို့ကလည်း ကားကို တားစစ်တယ် ထင်နေကြတာ” လို့ ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေဟာ လမ်းဆုံလမ်းခွ နေရာတိုင်းမှာ ဆိုင်ကယ်၊ ကားတွေ ရပ်တန့် စစ်ဆေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013