DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများ သက်တမ်းတိုးလျှင် ဘဏ်စုငွေကျပ်သိန်း ၁၀၀၀ ပြသရမည်
DVB
·
February 17, 2022
ပြည်ပအလုပ်အကိုင်အေဂျင်စီများ သက်တမ်းတိုးလျှင် ဘဏ်စုငွေကျပ်သိန်း ၁၀၀၀ ပြသရမည်
Donate to DVB

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ သက်တမ်းတိုးလျှောက်ထားပါက ဘဏ်ငွေစုစာအုပ်မှာ ကျပ်သိန်း ၁၀၀၀ ရှိကြောင်း ပြသရမယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ညွန်းကြားထားတယ်လို့ သိရပါတယ်။

မတ်လ ၁ ရက်ကစပြီး လိုင်စင်သက်တမ်းပြည့်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လိုင်စင်သက်တမ်းတိုး လျှောက်ထားချိန်မှာ မန်နေဂျင်းဒါရိုက်တာတစ်ဦးတည်းအမည်နဲ့ ငွေကျပ်သိန်း ၁၀၀၀ ရှိကြောင်း ငွေစုစာအုပ်မိထ္ထူ၊ Bank Statement မူရင်းပူတွဲတင်ပြရမယ်လို့ ညွန်ကြားထားတာပါ။

ဒါ့အပြင် လိုင်စင်သက်တမ်းတိုးကတ်ကို ရုံးချုပ်မှာ လာရောက်ထုတ်ယူချိန် ဘဏ်စာအုပ်မူရင်း တပါတည်း ယူဆောင်လာဖို့နဲ့ အဲဒီကျပ်သိန်း ၁၀၀၀ ကို ကြားကာလမှာ သုံးစွဲခွင့်ရှိပြီး ထပ်မံသက်တမ်းတိုးလိုပါက တပ်တင်ပြရမယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဟာ ပုံမှန်အာမခံကြေးကိုလည်း အလုပ်သမားရုံးမှာ ပေးသွင်းထားရသလို အခု စုငွေကျပ်သိန်း ၁၀၀၀ ပြသခိုင်းတဲ့အပေါ် အခက်တွေ့နေကြပါတယ်။

စစ်ကောင်စီအနေနဲ့ ဘဏ်ထဲငွေစီးဝင်ဖို့အတွက် အေဂျင်စီတွေကို အသုံးချအကျပ်ကိုင်တာလို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက မှတ်ချက်ပြုပါတယ်။

“အလုပ်တွေရပ်ထားရတာလည်း ကြာနေပြီ။ ဒါကိုငွေစုစာရင်းပြခိုင်းတာ အဆင်မပြေဘူး။ သူတို့ဖြစ်ချင်တာကိုအတင်းဆွဲလုပ်နေတာ” လို့ အမည်မဖော်လိုသူ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဟာ ၂၀၂၀ မတ်လကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပအလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းတွေ ရပ်နားထားရတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013