DVB Logo
Home
မြန်မာသတင်း
စလင်းမြို့တွင် လှည့်ကင်းရဲများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၆ ဦး သေဆုံး
DVB
·
May 2, 2022
စလင်းမြို့တွင် လှည့်ကင်းရဲများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၆ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း စလင်းမြို့မှာ မေ ၁ ရက်နေ့ညက ကင်းလှည့်တွေတဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲ တိုက်ခံခဲ့တာကြောင့် ရဲ ၆ ယောက်သေဆုံးခဲ့တယ်လို့ အနောက်ပိုင်းတိုင်း PDF ကနေ သိရပါတယ်။

စလင်းမြို့ ဝက်သည်းကန်နားမှာ မေ ၁ ရက်နေ့ ည ၁၀ နာရီလောက်က ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်နေတဲ့ ရဲ ၉ ယောက်ကို CA4 ပါ အပြင်းစား တင့်ဖျက်မိုင်း အကြီးစားနှစ်လုံးသုံးပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အနောက်ပိုင်းတိုင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လျှပ်စီးက ဒီဗွီဘီကိုပြောပါတယ်။

“စလင်းမြို့မှာရှိတဲ့ ရဲတွေက အရပ်သားပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး မတရားဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေ ဆက်တိုက်ကျူးလွန်နေတာဗျ။ ဒါကြောင့်မို့ စစ်ဆင်ရေး အစီမံတွေ စနစ်တကျရေးဆွဲပြီး စစ်ဆင်ရေးဒေသကြီး (၃) ဖြစ်တဲ့ စလင်းမြို့မှာ တိုက်တိုင်းအောင်စစ်ဆင်ရေးလို့ အမည်ပေးပြီး ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့တာ။” 

စလင်းမြို့မှာ မေလ ၁ ရက်နေ့ ည ၇ နာရီခွဲလောက်မှာလည်း အနောက်ပိုင်းတိုင်း PDF တိုက်တိုင်းအောင်စစ်ဆင်ရေးအဖွဲ့က လယ်ယာစိုက်ပျိုးရေးဘဏ်ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ် သတိပေးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီဌာနဟာ စလင်းမြို့နယ်က တောင်သူတွေကို ယခင်ပြည်သူ့အစိုးရလက်ထက်က ထုတ်ပေးထားတဲ့ ချေးငွေတွေကို ဖိအားပေးတောင်းခံနေလို့ သတိပေးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စလင်းမြို့ခံတစ်ယောက်က  “စလင်းမြို့ စိုက်ဘဏ်ရုံးနားနဲ့ ဝက်သည်းကန်းနားမှာ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ကြားရတယ်ဗျ။ ဒီနေ့မနက်ပိုင်းမှာစုံစမ်းကြည့်တော့ စလင်းမြို့မရဲ စခန်းမှာ နာရေးရှိတယ်လို့ ကြားသိရတယ်။ စိုဏ်ဘဏ်ရုံးကိုလည်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရတယ်။ စစ် (-)၊ ရဲ (-) တွေကတော့ မြို့ဝင်မြို့ထွက် ဂိတ်တွေ နဲ့ လမ်းဆုံ လမ်းခွတွေမှာ ပြည့သူတွေကို ဒုက္ခ အမျိုးမျိုးပေးဖို့ ပိတ်ဆို့စစ်ဆေးနေကြပြီ” လို့ ပြောပါတယ်။

ကင်းလှည့်ရဲတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013