DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးက foodpanda ပို့ဆောင်သူများ Black Cross ကမ်ပိန်းပြုလုပ်
DVB
·
May 1, 2022
ရန်ကုန်နှင့် မန္တလေးက foodpanda  ပို့ဆောင်သူများ Black Cross ကမ်ပိန်းပြုလုပ်
1 / 3
Donate to DVB

foodpanda ရဲ့ ရန်ကုန်နဲ့ မန္တလေးမြို့က ပို့ဆောင်သူ (rider) တွေဟာ လုပ်ငန်းခွင်အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး Black Cross ကမ်ပိန်းကို မေ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

လုပ်ငန်းခွင်အဆင်‌မပြေမှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့အလုပ်သမားနေ့မှာ ဆန္ဒထုတ်ဖော်ရတာလို့ ပို့ဆောင်သူတွေက ပြောပါတယ်။

ပို့ဆောင်သူတဦးက “ဒီနေ့က အလုပ်သမားနေ့ မေဒေးနေ့ကို အထိမ်းအမှတ်အနေနဲ့ ကျနော်တို့က ဒါကိုလုပ်တာ၊သူတို့ပေးထားတဲ့ကြေးကို လုံးဝ လက်မခံဘူးဆိုတာ ဆန့်ကျင်တဲ့အကြောင်းပေါ့နော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ပို့ဆောင်ခတွေ မှားယွင်းတွက်ချက်ခဲ့တဲ့နောက်မှာ အစားအသောက်ပို့ဆောင်သူတွေက ဆက်လက်မပို့ဘဲ ရပ်နားထားကြဖို့ တိုင်ပင်ခဲ့ပြီး ရန်ကုန်အပါအဝင် မြို့တချို့မှာ ရပ်နားခဲ့ကြပါတယ်။ 

ကုမ္ပဏီဘက်က လျှော့ချလိုက်တဲ့ အနိမ့်ဆုံး အော်ဒါကြေး ၅၈၀ ကို Rider တွေက လက်မခံနိုင်ဘဲ  လုပ်အားခငွေကို အနည်းဆုံး ၆၇၀ ကျပ်ကနေ စတင်ပြီး ပို့ဆောင်ရမယ့် ခရီးအကွာအဝေးပေါ်မူတည်တိုးမြှင့်ပေးဖို့၊ ပို့ဆောင်နေတဲ့အလုပ်သမားတွေကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်နေတဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းချက်တွေကို လျှော့ချပေးဖို့၊ ပို့ဆောင်သူတွေ အလုပ်ချိန်အတွင်း ထိခိုက်မှု တခုခုဖြစ်ခဲ့ရင် ကုမ္ပဏီဘက်က တာဝန်ယူ တာဝန်ခံပေးဖို့၊ ပို့ဆောင်သူတွေက အလုပ်နားလိုရင် တပတ်မှာ တရက် နားခွင့်ပေးဖို့၊ စည်းကမ်းသတ်မှတ်ချက်တွေ ပြောင်းလဲချင်ရင် ကြိုတင် အသိပေးဖို့၊ ပို့ဆောင်သူတွေ တခုခုဖြစ်ရင် ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းနံပါတ် တခုထားပေးဖို့နဲ့ သွားရောက်ပို့ဆောင်ရမယ့် ခရီးကို သတ်မှတ်ရာမှာ Google မြေပုံနဲ့ တိုင်းတာပြီး တွက်ချက်ပေးဖို့တို့ကို ပို့ဆောင်သူတွေဘက်က တောင်းဆိုထားပါတယ်။ 

foodpanda Myanmar ရဲ့ တာဝန်ရှိသူတယောက်ကတော့ ပို့ဆောင်သူတွေ တောင်းဆိုချက်ကို foodpanda Myanmar ရဲ့ ဆုံးဖြတ်ချက်တခုတည်း နဲ့ လုပ်လို့မရတဲ့အတွက် နည်းပညာအပိုင်း တာဝန်ယူထားတဲ့ regional team ကိုတင်ပြထားပြီး ဆက်သွယ်ဆောင်ရွက်နေပြီး regioanl team ဘက်ကနေ ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး အဘက်ဘက်ကနေ အဆင်ပြေနိုင်တဲ့ ပြောင်းလဲမှုတွေ လုပ်ပေးသွားမှာဖြစ်ကြောင်း၊ ဒီလိုနည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲမျိုးလုပ်ဖို့ အချိန်ယူပြင်ဆင်လုပ်ကိုင်ရတာကြောင့် rider တွေအနေနဲ့ အနည်းငယ်စောင့်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က တွေ့ဆုံမှုမှာ မေတ္တာရပ်ခံထားတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောဆိုထားပါတယ်။

ပို့ဆောင်သူတွေကတော့ တောင်းဆိုမှုတွေ မရမချင်း ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်နေမှာဖြစ်ပြီး customers တွေနဲ့ အလုပ်သမားအသင်းအဖွဲ့တွေ့ကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013