DVB Logo
Home
မြန်မာသတင်း
ဆူရှီဆိုင်သွားခဲ့သည့် Foodpanda Delivery ဝန်ထမ်းများ ကျန်းမာရေးကောင်းမွန်
DVB
·
May 1, 2020
ဆူရှီဆိုင်သွားခဲ့သည့် Foodpanda Delivery ဝန်ထမ်းများ ကျန်းမာရေးကောင်းမွန်
Donate to DVB

COVID-19 အတည်ပြုလူနာ Case-146ရဲ့ဆူရှီဆိုင် ဝန်ထမ်းတွေမှာ ရောဂါပိုး မတွေ့တဲ့အပြင် ဆိုင်ကို ဝင်ထွက်သွားလာခဲ့တဲ့ Foodpanda Delivery ဝန်ထမ်းတွေလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ Foodpanda Myanmar တာဝန်ရှိသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်၊ လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်က ပိုးတွေ့လူနာ Case 146ရဲ့ ဆူရှီဆိုင်ကို Foodpanda Delivery ဝန်ထမ်းတချို့ အဝင်အထွက်ရှိခဲ့လို့  နေအိမ်မှာ ၂၁ ရက်နေဖို့ ကုမ္ပဏီက ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။

ဆူရှီဆိုင်ဝန်ထမ်းတွေအားလုံးမှာ COVID-19 ပိုးမတွေ့ရှိကြောင်း စစ်ဆေးသိရှိရပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆူရှီဆိုင်အနီးတဝိုက် သွားလာသယ်ယူပို့ဆောင်တဲ့ Delivery ဝန်ထမ်းအားလုံကို ရွေးချယ်ပြီး နေအိမ်မှာ  ၂၁ ရက်နေဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

နေအိမ်မှာ ထားရှိတဲ့ ဝန်ထမ်း အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ကုမ္ပဏီရဲ့ မူဝါဒအရ ဖြေလို့မရကြောင်း Foodpanda Myanmar တာဝန်ရှိသူကပြောပါတယ်။

အစားအသောက်တွေ အိမ်တိုင်ရာရောက်ပို့ပေးတဲ့ Foodpandaရဲ့ ဝန်ထမ်းတွေအားလုံး ဒီလိုအချိန်မှာ လုံခြုံစိတ်ချရမှုရှိပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ရရှိဖို့အတွက် အလေးထားလုပ်ဆောင်ပေးနေတယ်လို့ Foodpanda Myanmar ရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုဇေယျာမင်းက ပြောပါတယ်။ 

လှိုင်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝေဆင့်ကျော်ကတော့ ဒီလိုမျိုး နေအိမ်မှာ ထားသင့် မထားသင့်ဆိုတာ ဖြစ်စဉ်ကို ပြန်လေ့လာရမှာဖြစ်ပြီး၊ ကျန်းမာရေးဌာနကိုလည်း ဆက်သွယ်ရမှာဖြစ်ကြောင်းနဲ့ နေအိမ်မှာ ထားဖို့ လိုမလိုကိုလည်း တိုင်ပင်သင့်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

နေအိမ်မှာပဲနေနေကြတဲ့ Foodpanda Delivery ဝန်ထမ်းတွေဟာ မေလ တတိယပတ်လောက်မှာ ၂၁ ရက် ပြည့်မှာဖြစ်ပါတယ်။

သူတို့ကို နေ့စဉ် ခန္ဓာကိုယ် အပူချိန်တိုင်းတာပြီး၊ သတ်မှတ်အပူချိန် ၃၇.၅ ကျော်တာနဲ့ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားကာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ လိုက်နာသွားဖို့ အဆင်သင့်ရှိကြောင်း Foodpanda တာဝန်ရှိသူက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013