DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေ၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
April 30, 2022
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေ၊  ၃ ဦး အပြင်းအထန်ဒဏ်ရာရ
Donate to DVB

ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၃၀ ရက် မနက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့မရပ်ကွက်ကို စစ်​ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်- ဒီး​မော့ဆို(DMO-Local PDF)တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်းရဲ့ တပ်ခွဲတချို့နဲ့ အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲတချို့တို့နဲ့   ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ၁ ​နာရီလောက်ကြာ​အောင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူး​ပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိ ​ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013