DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ် ထွေအုပ်ရုံး၊ စည်ပင်ရုံးနှင့် တရားရုံးတို့ ပစ်ခတ်ခံရ
DVB
·
April 27, 2022
မလှိုင်မြို့နယ် ထွေအုပ်ရုံး၊ စည်ပင်ရုံးနှင့် တရားရုံးတို့ ပစ်ခတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ မြို့နယ်တရားရုံးမှာ ဧပြီ ၂၆ ရက် နေ့လယ် ၁ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်သံ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ပေါက်ကွဲသံကြားရပြီးတဲ့နောက် မြို့ပေါ်မှာ လမ်းသွားလမ်းလာတွေ ရှင်းလင်းသွားခဲ့ပြီး လေးတိုင်စင်လို့ခေါ်တဲ့ မြို့လယ် မီးပွိုင့်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

မလှိုင်မြို့ခံ တဦး “အပစ်ခံရတဲ့နေရာက ထွေအုပ်၊ စည်ပင်နဲ့ တရားရုံး အတန်းလိုက်ကြီးရှိတာ။ ၄၀ မမနဲ့ ပစ်သွားတယ် ကြားတယ်။ အသံကတော့ တော်တော်ကျယ်တယ်။ ထွေအုပ်ရုံးကို ပစ်တာ၊ တရားရုံးဘက်ကျတယ် ပြောတယ်။ ခုချိန်ထိတော့ ထိတာခိုက်တာ ဘာသတင်းမှ မကြားသေးဘူး။ လေးတိုင်စင်မှာ ဖုန်းတွေ စစ်တာတော့ ရှိတယ်” လို့ ပြောပါတယ်။ 

မလှိုင်မြို့ မြို့နယ်တရားရုံး ပစ်ခတ်မှုကို People Defence Force-တောင်သာအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

People Defence Force-တောင်သာအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ ၄၀-မမ နှစ်လုံးပစ်ခဲ့တာ ဖြစ်ပြီး တစ်လုံးသာ ကွဲကြောင်း၊ မူလအစီအစဥ်မှာ ထွေအုပ်ရုံး ဝန်ထမ်းအိမ်ရာကို သတိပေးပစ်ခတ်ဖို့ဖြစ်ပေမဲ့ စည်ပင်ရုံးမှာ လူတွေ စည်ကားနေတဲ့အတွက် ထွေအုပ်နဲ့ စည်ပင်ရုံးကြားကို ပစ်ခတ်သတိပေးခဲ့ကြောင်း ပြောပါတယ်။ 

“ကိုယ်ပစ်ရတဲ့ လက်နက်က လက်နက်ကြီးဖြစ်တဲ့အတွက် ပြည်သူကို ကျော်ကျမှာလည်း ကြောက်တော့ ရမ်းသန်းပစ်လို့ မရဘူး။ Direction ရွေးရတယ်။ အကွာအဝေးတွေ ချိန်ရတယ်ပေါ့။ ပထမတစ်လုံးကတော့ ထွေအုပ်နဲ့ စည်ပင်ကို ပစ်မှတ်ထားပြီး ​ပစ်လိုက်ပါတယ်။ နောက်တစ်လုံးကတော့ တရားရုံးကိုပေါ့။ တရားရုံးကလည်း တော်တော်ဆိုးရွားနေတယ် သတင်းရလို့မို့ တခါတည်း ပစ်ခဲ့လိုက်တာ” လို့ People Defence Force တောင်သာအဖွဲ့မှ ဖြေကြားခဲ့ပါတယ်။

People Defence Force-တောင်သာ အဖွဲ့ဟာ  မတ်လ ၃၀ ရက် ည ၇ နာရီကျော်ကလည်း မလှိုင်မြို့နယ် ရဲစခန်းမှ အချုပ်ဆောက်အနောက်ဘက် ရဲတွေ နေထိုင်ရာ ၂ ထပ်ဆောင်ကို ၇၉-မမ နဲ့ ပစ်ခတ်ခဲ့လို့ ရဲ ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ဓာတ်ပုံ- People Defence Force-တောင်သာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013