
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် ၅ ရပ်ကွက် သင်္ဘောဆိပ်ဘောတံတားမှာ ဧပြီ ၂၆ ရက်က စိတ်ကြွမူးယစ်ဆေးဝါး ၉,၈၀၀ ပြား ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
သင်္ဘောဆိပ်ဘောတံတားမှာ မနက် ၈ နာရီလောက်က သတင်းအရ အမှတ် ၇ ရပ်ကွက် ၁၄ လမ်းနေ ကိုနန္ဒာအောင်ကို စစ်ဆေးရာက ခုလို စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၀၀ ပြား ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးက "သတင်းအရ စောင့်ဖမ်းတာပြောတယ်၊ မိတာတော့ အပြား ကိုးထောင်ကျော်ပဲ၊ ဘိုကလေးမှာတော့ ဒီနှစ်ထဲမိတာ အများဆုံးလို့ ပြောရမယ်၊ လောလောဆယ်တော့ မြို့မရဲစခန်းမှာပဲ စစ်နေတုန်း'' လို့ ပြောပါတယ်။
မူးယစ်ဆေးပြား ၉,၈၀၀ ပြားနဲ့အတူ ဖမ်းမိတဲ့ ကိုနန္နာအောင်ကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးပြီး ဝယ်ယူတဲ့လမ်းကြောင်းကို သိရအောင် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့မရဲစခန်းမှာ ကိုနန္ဒာအောင်ကို မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဘိုကလေးမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းမိတာ ဒုတိယအကြိမ်ဖြစ်ပြီး ဒီတကြိမ်က ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။