Home
မြန်မာသတင်း
UWSA ကဖမ်းဆီးရမိသည့်  စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းခွဲကျော်ကို တပ်မတော်ထံအပ်နှံ
DVB
·
May 20, 2020
97870660_262521848461028_2669200738558672896_n
99116855_262521755127704_1658233035570544640_n
100048516_262521658461047_2795869902622162944_n
98004545_262521825127697_1651903696885252096_n
97009222_262521728461040_5572738376005582848_n
‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းခွဲကျော်ကို ဒီကနေ့ မေ ၂၀ ရက် မနက် ၁၀ နာရီ လောက်က  တပ်မတော်နဲ့ မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။  UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁)၊ တပ်မဟာ(၇၇၂) တပ်ဖွဲ့ဝင်တွေက ထိုင်း- မြန်မာနယ်စပ် ၃ ကီလိုမီတာအကွာ လွယ်ထွေတောင်ကြောမှာ ပြီးခဲ့တဲ့သီတင်းပတ်က မူးယစ်ဆေးမှောင်ခိုအင်အား ၄၀ လောက်နဲ့ တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးရမိခဲ့တဲ့ 999  တံဆိပ်ပါ wy ပန်းရောင်စိတ်ကြွဆေးပြားပေါင်း ၃၅၁၀,၀၀၀ ၊ M22 ကျည်ကတ်တစ်ခုနဲ့ ကျည် ၅ တောင့်နဲ့  အရှင်ဖမ်းဆီးရမိ တရားခံတစ်ဦးတို့ကို လွှဲပြောင်းအပ်နှံခဲ့တာပါ။  UWSA စစ်ဒေသ ၁၇၁ နိုင်ငံရေးမှူး ဦးအားဖူက " ကျနော်တို့ စစ်ဒေသ ၁၇၁ အနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် နိုင်ငံတော်အစိုးရနဲ့ ဒေသခံပြည်သူလူထုတို့နဲ့ ပူးပေါင်း ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရကို အပ်နှံပေးခဲ့တာ (၁၃) ကြိမ်ရှိပါပြီ''လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာမယ့် သတင်းရလို့ သုံးရက်၊ လေးရက်လောက် တပ်ဖြန့်ခွဲစောင့်ဆိုင်းနေစဉ် မေလ ၁၄ ရက်ည ၉ နာရီလောက်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင် အင်အား၄၀ ကျော်ကို ရပ်တန့်စေခဲ့ရာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးအသေ တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၁၅ ရက်နေ့မှာ အဆိုပါနေရာကို ဆက်လက်ရှင်းလင်းခဲ့ရာ တရုတ်ကျောပိုးအိတ်စစ်စိမ်းရောင် ၃၅ လုံးနဲ့ ထုပ်ပိုးသယ်ဆောင်လာတဲ့ 999 တံဆိပ်ပါ wy ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။  သတင်း- အောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024