DVB Logo
Home
မြန်မာသတင်း
ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ကျပ်သိန်း ၆၀၀ လျော်ကြေးပေးရမည်
DVB
·
April 27, 2022
ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ကျပ်သိန်း ၆၀၀ လျော်ကြေးပေးရမည်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ဆေးတက္ကသိုလ်ဝင်ခွင့်တွေ ခေါ်ယူနေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်သူတွေကို တလအတွင်း ငွေကျပ်သိန်း ၆၀၀ လျော်ကြေးပေးရမှာဖြစ်တယ်လို့ ကတိခံဝန်စာချုပ်ချုပ်ဖို့ တပါတည်း ထုတ်ပြန်ထားတဲ့ ကြေညာချက်တစောင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်ခဲ့ပြီး ဆေးတက္ကသိုလ် တက်မယ့်သူတွေကို ခေါ်ယူနေတာဖြစ်ကာ ကျောင်းပြီးသွားတဲ့အချိန်မှာ နိုင်ငံတာဝန်ကို ၅ နှစ် ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီစည်းကမ်းချက်ကို ဖောက်ဖျက်ရင် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ)လည်း ရရှိမှာမဟုတ်သလို လျော်ကြေးငွေကိုလည်း တလအတွင်း ပေးလျော်ရမှာဖြစ်တယ်လို့ အဆိုပါ ကတိဝန်ခံချက်စာချုပ်မှာ ဖော်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ် ၅ ကျောင်းရှိကာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလ စတင်ချိန်ကတည်းက နိုင်ငံတဝန်းက ကျောင်းတွေအားလုံးကို ပိတ်ထားခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှာတော့ ဆေးလောကသားတွေက ဦးဆောင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးမှာ အခုအချိန်တိုင်အောင် တစိုက်မတ်မတ် ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး အပါအဝင် ဆေးတက္ကသိုလ်တွေကလည်း ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းထားပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ဦးဆောင်ပါဝင်နေခဲ့တဲ့ ဆေးလောကသားတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်နေပြီး စစ်အာဏာစသိမ်းတဲ့ အချိန်ကစပြီး ကျန်းမာရေးလုပ်သား အယောက် ၃၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၆၀၀ ကျော်ကတော့ စစ်အုပ်စုက ဖမ်းဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013