DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၁ ဦး ထိုင်းအစိုးရခန့်အပ်
DVB
·
April 26, 2022
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၁ ဦး ထိုင်းအစိုးရခန့်အပ်
Donate to DVB

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ  မစ္စ ဖွန်းဖိမိုးလ်ကန်ကျနလတ်ကို ခန့်အပ်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။ 

မစ္စဖွန်းဖိမိုးလ်ဟာ  အိမ်နီးချင်းနိုင်ငံ-မြန်မာနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်ရှိတာကြောင့်ရော၊ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေကို တစိတ်တပိုင်း လျှော့ချနိုင်ဖို့လည်း ရည်ရွယ်ပြီး သူ့ကို ဒီရာထူးတာဝန် ပေးအပ်လိုက်တာလို့ ထိုင်းဒုတိယဝန်ကြီးချုပ်  နိုင်ငံခြားရေးဝန်ကြီး ဒွန်းပရမတ်ဝိနိုင်းက ပြောပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍအသစ်ဟာ သူ့ရဲ့တခြားတာဝန်တွေနဲ့ ထပ်နေမလားလို့ မေးမြန်းကြည့်ရာမှာတော့ သူဟာ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်တချို့အတွက်သာ တာဝန်ယူမှာဖြစ်ကြောင်း  မစ္စတာဒွန်းက ပြောပါတယ်။

မစ္စဖွန်းဖိမိုးလ်ဟာဝန်ကြီးဌာနရဲ့အကြံပေးအရာရှိအဖြစ် အဓိကအခန်းကဏ္ဍက ပါဝင်ပေမဲ့လည်း  ပြည်ပက အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးရာမှာ သူပါဝင်ဖို့ ကန့်သတ်ချက်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အခု သူ့ရဲ့ ရာထူးအသစ်ဟာ အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိမ့်မှာဖြစ်ပြီး ဒီလို ရာထူးခန့်အပ်တာမျိုးဟာ ဥရောပသမဂ္ဂ- အီးယူမှာ လုပ်ရိုးလုပ်စဉ်ပဲလို့ ပြောကြားခဲ့ပါတယ်။

ရာထူးခန့်အပ်တဲ့ အမိန့်စာအရ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ အမျိုးသားလုံခြုံရေးတို့မှာ ထိုင်းနိုင်ငံအတွက် ဗျူဟာမြောက် အရေးကြီးကြောင်းနဲ့ ဒါ့ကြောင့် မစ္စဖွန်းဖိမိုးလ်ဟာ ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ကိုက်ညီမှုရှိစေဖို့ သေချာအောင် မြန်မာနိုင်ငံက နိုင်ငံခြားရေးကိစ္စတွေကို အနီးကပ် စောင့်ကြည့်မှာဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ တခြားအေဂျင်စီတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေမှာလည်း ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံတကာအစည်းအဝေးတွေမှာ ထိုင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီးကို သတင်းပေးပို့ အစီရင်ခံရမှာဖြစ်ကြောင်း  မစ္စတာဒွန်း က ပြောပါတယ်။ 

မစ္စဖွန်းဖိမိုးလ်ဟာ နိုင်ငံခြားရေး ၀န်ကြီးရုံးမှာ ရာထူးအသစ် ထမ်းဆောင်ဖို့ စီစဉ်ထားပြီး သူ့အတွက် အနည်းဆုံး လက်ထောက်တစ်ဦးရှိမှာ ဖြစ်ပါတယ်။ 

ကိုးကား- Bangkok Post

Photo- MOFA Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013