DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံး
DVB
·
April 25, 2022
ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဧပြီ ၂၅ ရက် မနက် ၈ နာရီလောက်က  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီး  စစ်ကောင်စီတပ်က ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

ကျိုက်ထိုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၄၀ လောက်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီက အနည်းဆုံး  ၅ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျိုက်ထိုနဲ့ သိမ်ဇရပ်ဆေးရုံကို အရေးပေါ်ကားတွေနဲ့ လာရောက် ပို့ဆောင်သွားတယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားအအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013