DVB Logo
Home
မြန်မာသတင်း
နမခခြေလျင်တပ်ရင်းက ဗိုလ်ကြီး ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
April 25, 2022
နမခခြေလျင်တပ်ရင်းက ဗိုလ်ကြီး ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
Donate to DVB

စစ်ကောင်စီတပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က ခြေလျင်တပ်ရင်း ဗိုလ်ကြီးတယောက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပြီး လက်ရှိမှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာတခုမှာ ရောက်ရှိနေပြီလို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

Captain Right (တော်လှန်ရေးအမည်လွှဲ) ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်မှာ  ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီးနောက် Pre-CDM စာရင်းသွင်းခဲ့ပြီး ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီကို စွန့်ခွာလာခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ ငြိမ်းချမ်းစွာ ​ဆန္ဒပြတာကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းတာ။ ပြည်သူ ရွေးချယ်တင်​မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း၊ ထောင်ချတာ။ ပြည်သူတွေကို နေ့ရော ညပါ လုံခြုံမှုမရှိဘဲ ဖမ်းဆီးခံရ၊ စစ်ကြောရေးမှာ နှိပ်စက်ခံရ၊ သေဆုံးတဲ့အထိ ဆိုးရွားစွာပြုမူခဲ့တာ၊ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာစတဲ့ စက်ဆုပ်ဖွယ် ကိစ္စရပ်တွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ တပ်မတော်ရဲ့ ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီ၊ မိမိခံယူချက်လည်း မကိုက်ညီတဲ့အတွက် တပ်မတော်ကိုစွန့်ခွာပြီး CDM ပြုလုပ်လိုက်တာလို့ ဆိုပါတယ်။

Captain Right ဟာ စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် မိခင်ခြေလျင်တပ်ရင်းတစ်ခုမှာ ဒုတိယဗိုလ်၊ ဗိုလ်အဆင့် တပ်စုမှူးအရာရှိတယောက်အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး CDM မပြုလုပ်ခင်မှာတော့ ဗိုလ်ကြီးအဆင့်နဲ့ နောက်ဆုံးတာ ဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013