DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ဝင်ဂိတ်တွင် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး အဓမ္မ ထိုးပေးနေ
DVB
·
April 21, 2022
ကလေးမြို့ဝင်ဂိတ်တွင် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး အဓမ္မ ထိုးပေးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အတင်းအဓမ္မ ထိုးပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ဝင်မြို့ထွက်က စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားတဲ့လက်မှတ် မပါရင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံ ပြည်သူတွေကို လက်နက်‌တွေနဲ့ ခြိမ်း‌ခြောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေတယ်လို့‌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံခဲ့ရတဲ့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့က ရွာဘက်ကနေ မြို့ပေါ်ကို ခရီးသွားဖို့ လာကြတာ။ မြို့ဝင်က အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ ကားပေါ်က ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့သူ အကုန်‌ဆင်းခဲ့၊ ကိုဗစ်‌ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ပါမှ သွားလို့ရမှာဆိုပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ထိုးခိုင်းလို့ ထိုးခဲ့ရတယ်။ စစ်ကောင်စီ လက်အောက်ခံ Non-CDM သူနာပြုဆရာမတွေက ထိုးပေးတာ။”

ကလေးမြို့ မြို့မဈေးမှာ ဈေးရောင်းဈေးဝယ်လာတဲ့ မြို့ခံပြည်သူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး‌တွေ အတင်းအဓမ္မ ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

မြို့ပေါ်မှာလည်း စစ်‌ကောင်စီလက်‌အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့တော်ခန်းမမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

ကိုဗစ်ကာကွယ်ဆေး‌တွေ အတင်းအဓမ္မ ထိုးနှံတဲ့အပေါ် မြို့ခံတဦးက "သူတို့ရဲ့ ကာကွယ်ဆေးထိုးတဲ့သူ မရှိလို့ အခုလိုလုပ်နေတာ။ မြို့ပေါ်‌နေ ပြည်သူအများစုက မထိုးကြဘူး။ စစ်တပ်ထောက်ခံတဲ့ ကျေးရွာက အများစု ထိုးကြတာ။ မြို့ထဲမှာလည်း ကာကွယ်ဆေးထိုးပြီး‌ကြောင်း လက်မှတ်မပါရင် သွားလို့လာလို့မရဘူး။ အတင်းထိုးပေးပြီး လက်မှတ်ပေးလိုက်တာ" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေဟာ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေပါမက မြို့ထဲမှာလည်း ရှောင်တခင် စစ်ဆေးနေပြီး ဒေသခံပြည်သူတွေကို စစ်‌ဆေး ဖမ်းဆီးနေတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013