DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသ၌ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားနေအိမ် ၁၀၀၀ နီးပါးရှိလာ
DVB
·
April 20, 2022
ကရင်နီဒေသ၌ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားနေအိမ် ၁၀၀၀ နီးပါးရှိလာ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုနဲ့  လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ မြို့နယ်အလိုက် ပျက်စီးသွားတဲ့ နေအိမ်အလုံးရေတွေကို ဖော်ပြထားပြီး ဒီးမော့ဆိုမြို့နယ်မှာ ၅၆၄ လုံးနဲ့ အများဆုံးဖြစ်ကာ ဖယ်ခုံမြို့နယ်မှာ ၂၅၆ လုံး၊ လွိုင်ကော်မြို့နယ်မှာ ၁၀၈ လုံး၊ ဖရူဆိုမြို့နယ်မှာ ၃၉ လုံးစီနဲ့ စုစုပေါင်း ၉၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး စစ်အုပ်စုဟာ လူမဆန်စွာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ  ဥပဒေမဲ့ လုပ် ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိခဲ့ပြီး အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း ၂၅၄ နေရာလောက်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေက ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်းကျော် ရှိလာပြီး အဲဒီအထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၀,၀၀၀ ကျော် ပါဝင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013