DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား ၁၆၁၉ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
DVB
·
April 17, 2022
အကျဉ်းသား ၁၆၁၉ ဦးကို စစ်ကောင်စီက  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
Donate to DVB

နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့  အကျဉ်းသား ၊ အကျဉ်းသူ ၁၅၇၇  ဦး၊ နိုင်ငံခြားသား ၄၂ ဦး စုစုပေါင်း ၁၆၁၉ ဦးတို့ကို ဧပြီ ၁၇ ရက်  ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သက်သာခွင့်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက အမိန့်ထုတ်ပြန်ပါတယ်။

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသာအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းကင်းလွတ်ခွင့်ပေးလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

နိုင်ငံခြားသားအကျဉ်းသူ အကျဉ်းသား ၄၂ ယောက်ကိုတော့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သီးခြားထုတ်ပြန်ထားပါတယ်။ 

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံရမှာဖြစ်တယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့  ခံဝန်လက်မှတ် ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာဖြစ်ပါတယ်။

ခံဝန်လက်မှတ်ထိုးပြီး လွတ်မြောက်လာသူတွေထဲမှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူတွေ ပါဝင်သလားဆိုတာတော့ လတ်တလော မသိရသေးမသိရသေးပါဘူး။မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ  စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း  ၁၀၂၃၈ ဦးရှိပြီး ဒီအထဲက  ၉၉၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013