DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပသည့် မောင်တောသင်္ကြန် မစည်ကားဟု ဒေသခံများ ပြော
DVB
·
April 16, 2022
စစ်ကောင်စီကျင်းပသည့် မောင်တောသင်္ကြန် မစည်ကားဟု ဒေသခံများ ပြော
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောသင်္ကြန်အား စည်ကားအောင်စစ်ကောင်စီက ကြီးမှူးကျင်းပပေမဲ့ မစည်ကားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"အခုလက်ရှိပြည်သူတွေမှာ စီးပွားရေး ဘာတခုမှအဆင်မပြေကြဘူး။ ကုန်စျေးနှုန်းတွေကလည်း မြင့်မားနေတယ်။ လောင်စာဆီကအစပေါ့။ ကားနဲ့ပတ်ဖို့ ကားငှားခ ဈေးနှုန်းတွေမြင့်တယ်။ ဒါကြောင့် သင်္ကြန်ပွဲ မစည်တာ” လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ကြီးမှူးကျင်းပတဲ့ မောင်တောသင်္ကြန်ပွဲအား ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ နံသာသွေးပြိုင်ပွဲကို အဖွဲ့ ၅ ဖွဲ့ နဲ့ ပြုလုပ်ခဲ့ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ညနေ ၅ နာရီ ပြုလုပ်ခဲ့ကြပါတယ်။

"အခုက ကျင်းနေတာက မောင်တောသင်္ကြန်အစစ်မဟုတ်ဘူး။ မောင်တောသင်္ကြန်က နှစ်ဆန်း တရက်နေ့မှာမှ စတင်ကျင်းပကြတာ။ ဘယ်စည်ကားပါမလဲ့” လို့  မောင်တောမြို့မိမြို့ဖ တဦးက ပြောပါတယ်။

စစ်ကောင်စီက ကြီးမှူးကျင်းတဲ့ မောင်တောသင်္ကြန်မှာ ရခိုင်အဆိုတော်တွေနဲ့ ဒေသခံအ ဆိုဝါသနာရှင်တွေ သီဆိုဖျော်ဖြေကြပြီး ယိမ်းအဖွဲ့ ၇ ဖွဲ့ ကပြဖျော်ဖြေခဲ့ပေမယ့် မစည်းကားခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မောင်တောဓလေ့နဲ့အညီကျင့်ပမယ့် သင်္ကြန်ပွဲတောစည်ကားမယ်ထင်တယ်” လို့ မောင်တော လူငယ်တဦးက ပြောပါတယ်။

မောင်တောဓလေ့နဲ့အညီ ကျင်းပမယ့် သင်္ကြန်ပွဲအား ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး မောင်တောဒေသခံ တီးဝိုင်နဲ့ ဖျော်ဖြေကြမှာလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မောင်တောသင်္ကြန်ပွဲကို စစ်ကောင်စီက အထူးစည်ကားအောင်ပြုလုပ်နေသလို ရခိုင်အရပ်ဘက်အဖွဲ့ကလည်း မောင်တောမြို့ဓလေ့ရခိုင်ရိုးရာသင်္ကြန်ပွဲကို စည်ကားစွာပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013