DVB Logo
Home
မြန်မာသတင်း
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ၁ ဦး NUG အစိုးရ ခန့်အပ်တာဝန်ပေး
DVB
·
April 16, 2022
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ၁ ဦး NUG အစိုးရ ခန့်အပ်တာဝန်ပေး
Donate to DVB

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်  ဦးကျော်ဇော်ကို ခန့်အပ်တာဝန်ပေးထားကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးက ဧပြီ ၁၆ ရက်နေ့စွဲနဲ့  အသိပေးထုတ်ပြန်လိုက်ပါတယ်။

NUG နိုင်ငံတော်သမ္မတရုံး အနေနဲ့ ပြည်သူလူထု၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ ပိုမိုချိတ်ဆက်ကာ အချိန်နဲ့တပြေးညီ သတင်းစကားပေးနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇော်အား ခန့်အပ်တာဝန်ပေးထားတာဖြစ်တယ်လို့ NUG ယာယီသမ္မတက  ဒူဝါလရှီးလက  ထုတ်ပြန်ကြေညာထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ပြီး တနှစ် အကြာမှာ အခုလို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတဦးကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ 

NUG အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံ ထောက်ပံ့ကူညီမှုတွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ မီဒီယာအဖွဲ့ အသစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ NUG ဝန်ကြီး ဦးထင်လင်းအောင်က မကြာသေးခင်က အမေရိကန်မှာ ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲတခုမှာ အသိပေး ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013