DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ မြန်မာပြည်အနှံ့အပြား ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးကွဲမှုများ ဖြစ်ပွား
DVB
·
April 15, 2022
သင်္ကြန်ကာလ မြန်မာပြည်အနှံ့အပြား ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးကွဲမှုများ ဖြစ်ပွား
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံဝန်ထမ်းလိုင်းခန်းကို သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မနက် ၇ နာရီကျော်က    ပစ်ခတ်ခံရပြီး  ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အနီးနားနေ ဒေသခံတဦးက ပြောပါတယ်။

“ဆိုင်ကယ်စီးလာသူ နှစ်ယောက်က   လမ်းပေါ်ကနေ  စက်ရုံလိုင်းခန်းထဲကိုပစ်တာ  လိုင်းခန်းထဲမှာရှိတဲ့  ဝန်ထမ်းတယောက်ထိခိုက်သွားတယ်။ လိုင်းခန်းကလမ်းနဲ့ အတော်နီးတယ်။” လို့ ဒေသခံကပြောပါတယ်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာလည်း ဒီနေ့ နန်းထိုက်အောင် စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။

ညောင်ထောက်ကျေးရွာနဲ့ တကူပုံကျေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေ ၅ နာရီဝင်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အလားတူ ဒီမနက် ၉ နာရီခွဲက  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာနေထိုင်တဲ့  ဦးခင်လတ်ကို သူ့ရဲ့နေအိမ်ရှေ့မှာပင်  ပစ်ခတ်ခံလိုက်ရတယ်လို့  မြို့ခံတွေကပြောပါတယ်။

ဦးခင်လတ်  ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး  နေအိမ်ရှေ့မဏ္ဍပ်ထိုးကာ  သင်္ကြန်ဆော့ကစားနေတဲ့ ဒလန်ဦးခင်လတ်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့  Kyaikhto   Revolution  Force (KRF)ကထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်း  ကျောင်းကုန်းမြို့မှာတော့  မြိုလယ်ရှိ စစ်ကောင်စီ ဗဟိုသင်္ကြန်မဏ္ဍပ်မှာ ဒီနေ့ ညနေ ၅ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ ၄ ယောက်လောက်  ထိခိုက်ဒဏ်ရာရခဲ့သလို    ဧရာဝတီတိုင်း၊ မအူပင်မြို့၊ တိုးရွှေဝါခန်းမရှေ့ရှိ စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်မှာ  ဒီနေ့လယ် ၃ နာရီ မိနစ် ၄၀ လောက်က  ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့မှာလည်း နည်းပညာတက္ကသိုလ်အနီး  တပ်စွဲထားတဲ့  စစ်ကောင်စီတပ်ဖွဲ့ကို  မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊  Young   Force  -UG ၊PW   Generation  နဲ့Earthquake People's  Defence Force  -UG  မှ  ဒီနေ့မွန်းလွဲပိုင်းက   ၆၀ မမ   လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  လုံခြုံရေးတပ်သား ၅ ဦးထက်မနည်း  သေဆုံးသွားတယ်လို့  Earthquake  People's  Defence  Force -UG  ကထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့မှာ ဧပြီ ၁၄ ရက်ကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးကင်းစခန်းကို ပခုက္ကူPDF က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်လို့ ပခုက္ကူ PDF ကနေ သိရပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့မှာတော့ အထက ၂ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ဒီ မနက် ၉ နာရီကျော်လောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပဲခူးတိုင်း နတ္တလင်းနဲ့ ပေါင်းတည်မြို့တွေမှာလည်း ဧပြီ ၁၃ ရက်က  စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ့ စစ်ဆေးရေးဂိတ်မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၇ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ပဲခူးတိုင်းPDF ကနေသိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မနှစ်ခုနဲ့  KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေအကြား မနေ့ညသန်းခေါင်ကျော်ကနေ ဒီမနက် အစောပိုင်းအထိ   တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လမ်းလျှောက်သင်္ကြန်ပြုလုပ်တဲ့ ပြည်သူ့အားကစားကွင်း(ပြည်သူ့ရင်ပြင်)မှာတော့ ဒီညနေပိုင်းက  ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ပျော်ပါးနေသူတွေ လေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာတော့  စစ်ကောင်စီစခန်းတစ်ခုကို ဧပြီ ၁၄ ရက်က  တိုက်ခဲ့တယ်လို့ တမူးPDFတာဝန်ရှိသူတယောက်က ပြောပါတယ်။

"မနေ့ညနေ ၄ နာရီလောက်မှာ တမူးမြို့နဲ့လေးမိုင်ရှိတဲ့ စစ်ကောင်စီကင်းစခန်းတစ်ခုကို ကျနော်တို့ တမူး PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ စခန်းကိုသိမ်းနိုင်ခြင်းတော့ မရှိခဲ့ဘူး။ အသေအပျောက်တော့ရှိနိုင်တယ်။”

တမူးမြို့တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၄ (TSG)  Burmese student Organizations (BSO)(ABSDF) (အောင်စစ်သည်) မဟာမိတ်တပ်ဖွဲ့ပူး ပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်တွင်း ပစ်ခတ်ပေါက်ကွဲမှုတွေ မဖြစ်ပေါ်ရေး စစ်ကောင်စီက တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးအထပ်ထပ်ချ စစ်ဆေးရေးတင်းကျပ်ပြီး သင်္ကြန်ပွဲကျင်းပနေချိန်မှာ  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အခွင့်ကြုံသလို  တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013