
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဆန်းဒါးလန်းကို (၅-၀) ဂိုးနဲ့ အနိုင်ရပြီးနောက် ရမှတ် ၃၉ မှတ်နဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
ဖောရက်စ်ဟာ လက်ရှိမှာ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ နေရာက စပါးထက် ၈ မှတ်၊ အဆင့် ၁၇ က ဝက်စ်ဟမ်းထက် ၆ မှတ် အသာရသွားတာပါ။
နည်းပြ ဗစ်တာပယ်ရဲရားကတော့ ရမှတ် ၃၉ မှတ်ဟာ တန်းတင်ဖို့ မလုံလောက်သေးလို့ ဆက်ကြိုးစားရမယ်လို့ပြောကြောင်း BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပွဲစဉ် ၃၄ အပြီး ရမှတ် ၃၉ မှတ်ရတဲ့ ၂၃ သင်းစလုံး တန်းဆင်း ရဖူးတာ မရှိဘူးလို့ စာရင်းတွေအရ သိရပါတယ်။ဒ
ဒါကြောင့် လက်ကျန်ပွဲစဉ်တွေမှာ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့ပဲ တန်းဆင်းဇုန်တိုက်ပွဲကို အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ရဖို့ ရှိနေတယ်လို့ Sky Sports ရုပ်သံက သုံးသပ်ထားပါတယ်။
Photo:Reuters










