မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က စစ်ကောင်စီရဲ့ စစ်ဆေးရေးကင်းစခန်းကို ပခုက္ကူ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်လို့ ပခုက္ကူPDF ကနေ သိရပါတယ်။
PPDFရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းတခုကို ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ PPDF က ရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ရဲကား ၂ စီး၊ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၁၆ ယောက်လောက်က စောင့်ဆိုင်းပစ်ခတ်လို့ ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စခန်မှူးနဲ့ အရာရှိကြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခု စစ်ဆင်ရေးကို "ပြည်တော်ဝင် စစ်ဆင်ရေး"လို့ အမည်ပေးထားပြီး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကို နောက်ရက်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။