စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲကားတစီးကို MonywaTheBoys အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
မုံရွာမြို့ အောင်သပြေလမ်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး မောင်းနှင်လာတဲ့ကားကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ရင်း ၂ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ MonywaTheBoys က လိုက်လံပစ်ခတ်ရာ ရဲတဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သင်္ကြန်ကာလအတွင်း ပြည်သူတွေအနေနဲ့ အပြင်ထွက် သွားလာတာတွေ မပြုလုပ်ကြဖို့ကိုလည်း ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ညကလည်း မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းနဲ့ ဘုတလင်မြို့ရှိ ကူတော်ရွာ ရဲစခန်းတို့ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါသေးတယ်။