DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း မဲဆောက်မြို့ ၌ ရှောင်တခင် စစ်ဆေးနေ
DVB
·
April 12, 2022
သင်္ကြန်ကာလအတွင်း မဲဆောက်မြို့ ၌ ရှောင်တခင် စစ်ဆေးနေ
1 / 6
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သင်္ကြန်ကာလ ၇ ရက်အတွင်း  အရက်သေစာ သောက်စားမူးယစ်ပြီး ဆိုင်ကယ်နဲ့ ကားမောင်းတာတွေကို ထိုင်းလုံခြုံရေးတွေက ဧပြီ ၁၂ ရက် ဒီနေ့ စတင်စစ်ဆေးနေပါတယ်။

ဒီနေ့ညနေမှာတော့ မဲဆောက်မြို့ အထက်တန်းကျောင်းအရှေ့မှာ စစ်ဆေးရေးဂိတ်ထားရှိပြီး စတင်စစ်ဆေးနေတယ်လို့ မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့မှာ နှစ်သစ်ကူးသင်္ကြန်ပွဲတော် နယ်မြေလုံခြုံရေးအတွက် တရားမဝင် ဝင်ရောက်တာနဲ့ အရက်သေစာ သောက်စားတာတွေကို စစ်ဆေးနှိမ်နင်းဖို့ ဧပြီ ၁၂ ရက်မှာ တာ့ခ်ခရိုင်ဒုရဲမှူးကြီး ဖိုင်းထူး စုခွန်ဝထနပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မဲဆောက်မြို့နယ်အတွင်း ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာတပ်ဖွဲ့၊ ကျန်းမာရေးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး သင်္ကြန်ကာလ လုံခြုံရေးတင်းကျပ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မဟာသင်္ကြန်နှစ်သစ်ပွဲတော်မှာ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းတာတွေကို အယ်လ်ကိုဟော တိုင်းတာတဲ့ ကိရိယာနဲ့ စစ်ဆေးအရေးယူဖို့ ညွှန်ကြားထားပါတယ်။

ဒီစစ်ဆေးမှုကို ဧပြီ ၁၂ ရက်မှ ဧပြီ ၁၈ ရက်အထိ ထိုင်းနိုင်ငံတဝန်း သင်္ကြန်ကာလ ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ် သတိထားရမယ့်ကာလအဖြစ် သတ်မှတ်ထားပြီး မဲဆောက်မြို့တွင်း ရှောင်တခင်စစ်ဆေးသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ထိုင်းနိုင်ငံမှာ နှစ်စဉ်သင်္ကြန်ကာလ ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာသူတွေ များပြီး အခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရေပက်ကစားတာ၊ ပေါင်ဒါလိမ်းကျံ ပျော်ပါးကစားတာမျိုးတွေ၊ ရေမြှုပ်ပါတီ ပြုလုပ်တာမျိုးတွေကို ထိုင်းအစိုးရ တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013