DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေယာဉ်များ ပစ်ချနိုင်ရေး Project Dragonfly က ကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင်ရရှိ
DVB
·
April 12, 2022
စစ်ကောင်စီလေယာဉ်များ ပစ်ချနိုင်ရေး Project Dragonfly က ကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင်ရရှိ
Donate to DVB

ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ်တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly အမည်နဲ့ အလှူငွေတွေ ကောက်ခံခဲ့ရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်မှာတော့ စတင်တဲ့ ပထမ ၂ ရက်အတွင်းမှာတင် သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ ၁၀ ရက်အတွင်း ကနဦးအမေရိကန်ဒေါ်လာ ၆ သိန်းခွဲစုဖို့ နိုင်ငံအသီးသီးမှာ နေထိုင်သူတွေဆီက အလှူခံခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ Dragonfly project ရဲ့ စုစုပေါင်းရငွေကတော့  USD 2.2Million ဖြစ်ပါတယ်ခင်ဗျာ။ အနည်းငယ်တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ။ 2.2million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ။ အစွန်းထွက်တွေနဲ့ လုံးဝအတိအကျကတော့ ငွေလွှဲတဲ့ကိစ္စတွေပြီးမှပဲ ထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ။” လို့ Click2donate က ပြောပါတယ်။

လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ အစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူငွေ တွေ ကောက်ခံခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကနဦးမျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ကောက်ခံရရှိမှုပမာဏတွေထဲမှာတော့ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်န်စတဲ့ နိုင်ငံတွေက အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။

ပန်ဆယ်လိုကတော့ “ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ နှစ်ဦးနှစ်ယောက်တည်းရဲ့ အင်အားမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ငွေကြေးကိုယ်တွယ်စီမံပေးကြသူများ၊ ငွေကူစုပေးကြ လှုံ့ဆော်ပေးကြသူများနဲ့ စိတ်အားထက်သန်မှုအပြည့် ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းရဲ့ အင်အားတွေပါပဲ။ ငုံ့မခံဘူး၊ တုံ့ပြန်ကြမယ်။ ငါတို့က လေထဲမှာ၊ ငါတို့ကို ဘယ်သူမှ ထိလို့မရဆိုတဲ့ စိတ်လွတ် လပ်မှုမျိုးကို နည်းနည်းမှ ထပ်မပေးနိုင်တော့ဘူး ဆိုတာပဲ။ ကင်မယ်။ ကင်ကိုကင်မယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013