DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရ
DVB
·
April 11, 2022
ဖမ်းဆီးခံ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရ
Donate to DVB

မန္တလေးမြို့က စစ်အာဏာရှင်သပိတ်မှောက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့အသက်အန္တရာယ် အထူးစိုးရိမ်ကြောင်း မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

ကိုသူရအောင်ဟာ ဖေဖော်ဝါရီ ၉ ရက်က  အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး ဖမ်းဆီးခံရချိန်ကနေ ဒီနေ့ချိန်အထိ မိသားစု၊ မိတ်ဆွေ၊ ရှေ့နေတွေနဲ့ လုံးဝ အဆက်အသွယ် မရသေးပါဘူး။

ကိုသူရအောင်ဟာ စစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြောရေးမှာ အသက်အန္တရာယ်ရှိနေတယ် (သို့မဟုတ်) ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုသူရအောင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲကို မရောက်သေးကြောင်းနဲ့ သူ အပါအဝင် စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခံထားရသူ အားလုံးအတွက် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်နေကြတယ်လို့ မန္တလေးသပိတ်အင်အားစု က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မန္တလေး သပိတ်အင်အားစု ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC - Mandalay) တို့ကလည်း ကိုသူရအောင် အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရေး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနဲ့ သံတမန် အဖွဲ့အစည်းတွေအပါအဝင် တတ်စွမ်းနိုင်သူတွေ အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013