DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီသင်္ကြန် မဆင်နွှဲကြရန် တောတွင်းရောက် PDF ရဲဘော်များ တော်လှန်သင်္ကြန်ကမ်ပိန်း ပြုလုပ်
DVB
·
April 10, 2022
စစ်ကောင်စီသင်္ကြန် မဆင်နွှဲကြရန် တောတွင်းရောက် PDF ရဲဘော်များ တော်လှန်သင်္ကြန်ကမ်ပိန်း ပြုလုပ်
1 / 10
Donate to DVB

မကြာမီ ကျရောက်တော့မဲ့ စစ်ကောင်စီပြုလုပ်တဲ့ ၂၀၂၂ သင်္ကြန်ပွဲမှာ ပြည်သူတွေ ဝင်ရောက်မပူးပေါင်းကြဖို့ တောတွင်းရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေက တော်လှန်သင်္ကြန်ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။

လတ်တလော စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ သူတို့မိသားစုတွေ၊ တောတွင်းမှာ အသက်ပေးပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တောင်းဆိုဆန္ဒပြရင်း အသက်ပေးလိုက်ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ရပ်တည်ပြီး စစ်ကောင်စီသင်္ကြန်ကို ပြည်သူတွေ မပူးပေါင်းကြဖို့ အခုလို တောတွင်းသင်္ကြန် ကမ်ပိန်းပြုလုပ်တာလို့ PDF ရဲဘော်တယောက်က ပြောပါတယ်။

“အခုသင်္ကြန်က ကျနော်တို့အတွက် ပျော်စရာသင်္ကြန်မဟုတ်ပါဘူး။ တောထဲနဲ့ မြို့တွေထဲမှာ ပေးစပ်သူတွေရဲ့ သွေးတွေက မခန်းခြောက်သေးတဲ့အတွက် အခုလာမဲ့ သင်္ကြန်ကို ဆူညံသံအစား တော်လှန်သင်္ကြန်နဲ့ အစားထိုးပေးဖို့”  တိုက်တွန်းထားပါတယ်။

မြေအောက်တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံတဝန်း စစ်ကောင်စီ ဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့၊ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊  အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013