DVB Logo
Home
မြန်မာသတင်း
မုံရွာမြန်မာ့သစ်လုပ်ငန်းနှင့် ဘုတလင်မြို့နယ် ကူတော်ရွာရဲစခန်း တိုက်ခိုက်ခံရ
DVB
·
April 9, 2022
မုံရွာမြန်မာ့သစ်လုပ်ငန်းနှင့်  ဘုတလင်မြို့နယ် ကူတော်ရွာရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းနဲ့  ဘုတလင်မြို့ရှိ ကူတော်ရွာရဲစခန်းတို့ကို ဧပြီ ၈ ရက်ညက  ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

ဘုတလင်မြို့နယ် ကူတော်ရွာရဲစခန်းကို ဧပြီ ၈ ရက် ည ၉ နာရီလောက်က  ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်စီးနင်းပြီး မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

"မြို့ပေါ်က ရဲစခန်းကို အရင်လက်နက်ကြီးတွေနဲ့ ပစ်တယ် ည ၉ နာရီခွဲ ဝန်းကျင်လောက် ကူတော်ရဲစခန်းကို ဝင်တိုက်ပြီး မီးရှို့လိုက်တာ"လို့ ဒေသခံတစ်ဦက ပြောပါတယ်။

ကူတော်ရွာရဲစခန်း မီးရှို့ပြီးချိန်လောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ မိနစ် ၃၀ လောက် လာရောက်ပစ်ခတ်တဲ့အတွက် ရွာခံတချို့  ထွက်ပြေတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း စစ်ကောင်စီဒေါက်တိုင် မြန်မာ့သစ်လုပ်ငန်းကို Democratic Guerrilla (DGF) အဖွဲ့က ဧပြီ ၈ ရက် ညဦးပိုင်းမှာ မိုင်းနှစ်လုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ DGF က ထုတ်ပြန်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းနဲ့ စကစ လက်‌အောက်ခံသစ်စက်တွေက နေ့နေ့ညည စက်ရုံအင်အားပြည့် လည်ပတ်ပြီး အကြမ်းဖက် စစ်ကောင်စီကို ဝင်ငွေရှာ‌ဖွေပေးနေတဲ့ အကြမ်းဖက်ဒေါက်တိုင် အကြီးစားလုပ်ငန်း ဖြစ်တယ်လို့ DGF (Monywa)အဖွဲ့က ဆိုပါတယ်။

မုံရွာမြို့နဲ့ တခြားမြို့နယ်တွေအတွက် သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လိုအပ်တဲ့ သစ်ခွဲသားတွေကို နေ့နေ့ညည စက်ရုံလည်ပတ်ပြီး အလောတကြီး ထုတ်လုပ်‌ပေးနေတာလို့လည်း ဆိုပါတယ်။

အိုးဘို‌ထောင်ရပ်ရှိ အမှတ်(၁) သစ်ပါးလွှာစက်ရုံ (မုံရွာ)ရဲ့ မီးလိုင်းနှစ်လိုင်းကို ဖြတ်တောက်နိုင်ခဲ့ပါတယ်လို့လည်း  DGF က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013