DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါအဝင် ၁၂ ဦးသေဆုံး
DVB
·
April 8, 2022
ကျောက်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါအဝင် ၁၂ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်က စစ်ကောင်စီတပ် ကင်းစခန်းတခုဖြစ်တဲ့ ဖျောက်ဆိပ်ပင် ကင်းဂိတ်စခန်း ဧပြီ ၈ ရက် မနက် ၁ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

"ဒီမနက် ၁ နာရီမှာ သူတို့ကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ သူတို့ အစုလိုက် အပြုံလိုက် နေတဲ့နေရာနဲ့ ကင်းစောင့်တဲ့ နေရာတွေကို ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သူများတယ်" လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် တပ်သား ၁၂ ဦး ကျဆုံးခဲ့တာကို ဒေသခံတွေ သတင်းပေးပို့မှုအရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နဲ့ People Revolution Force Kyaukse (PRFK) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကလည်း ကျောက်ဆည်စက်မှု ၁ နယ်မြေ ရဲစခန်းကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဖျောက်ဆိပ်ပင် ကင်းဂိတ်စခန်း တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်မှူးအပါအဝင် တပ်သား ၁၂ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013