DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ရှိ အန်အယ်လ်ဒီ လွှတ်တော်အမတ်၏ ရွှေဆိုင်ကို စစ်ကောင်စီက အဓမ္မသိမ်းဆည်း
DVB
·
April 4, 2022
မြဝတီမြို့ရှိ အန်အယ်လ်ဒီ လွှတ်တော်အမတ်၏ ရွှေဆိုင်ကို စစ်ကောင်စီက အဓမ္မသိမ်းဆည်း
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်တဲ့ ရွှေဆိုင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၄ ရက်မှာ အဓမ္မ သိမ်းဆည်းလိုက်ပါတယ်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်တဲ့ ရွှေရတီလင်း အာမခံ ရတနာရွှေဆိုင်ကို မြဝတီမြို့မ ရဲစခန်းက လာရောက်သိမ်းဆည်းချိပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။

ဒီရွှေဆိုင်ဟာ  ရဲစခန်းရဲ့  (ပ)၁၂၆/၂၀၂၂ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ၅၂(က) အရ အမှုနဲ့ သိမ်းဆည်းထားတဲ့ ရွှေဆိုင်ဖြင့်ကြောင်း ရွှေဆိုင်အရှေ့မှာ စစ်ကောင်စီက ဗွီနိုင်းပိုစတာ လာကပ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။  

မြန်မာနိုင်ငံတဝန်းမှာ အန်အယ်လ်ဒီလွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချ၊ ပိုင်ဆိုင်မှုတွေကို လိုက်လံချိပ်ပိတ်သိမ်းဆည်းနေတာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာတော့ အခု ပထမဆုံး အကြိမ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013