DVB Logo
Home
မြန်မာသတင်း
ဇွဲကပင်တောင်ပေါ်၌ ကျောင်းသူအသတ်ခံရမှု အဖော်အမျိုးသားကို ဖမ်းမိ
DVB
·
April 3, 2022
ဇွဲကပင်တောင်ပေါ်၌  ကျောင်းသူအသတ်ခံရမှု အဖော်အမျိုးသားကို ဖမ်းမိ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တက်လမ်းမှာ အမျိုးသမီးငယ်သေဆုံးမှုနဲ့  ထွက်ပြေးတိမ်းရှောင်နေတဲ့ အဖော်အမျိုးသားကို ဧပြီ ၂ ရက် ည ၉ နာရီခွဲလောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အမျိုးသားကို ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကေအန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU KNLA(PC) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့  သိရပါတယ်။

KNU KNLA(PC) တာဝန်ရှိသူက "မနေ့ညကပဲ ကျနာ်တို့ တပ်ဖွဲ့ဝင်တွေက လူသတ်မှုနဲ့ မသင်္ကာတဲ့ သူကို တွေ့ထားတယ်ဆိုပြီး သတင်းလှမ်းပို့တယ်။ ဒါနဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးပြီး ညတွင်းချင်းပဲ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီ” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ အမျိုးသားဟာ ဘားအံမြို့နယ်၊ နွားခြံကုန်းကျေးရွာနေ တမီလ်လူမျိုး ဒယ်ကလစ်ဆိုသူဖြစ်ပြီး ထုံးအိုင်နယ်မြေရဲစခန်းက ပထမသတင်းပေးတိုင်ကြားချက် လူသတ်မှု ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး အမှုတည်ဆောက်နိုင်ဖို့  စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။

သေဆုံးသူ၊ ဖမ်းဆီးရမိတဲ့ အမျိုးသားနဲ့ ပတ်သက်ပြီး ထုံးအိုင်နယ်မြေရဲစခန်းကို ဆက်သွယ်ပေးမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အဆိုပါ သေဆုံးသူအမျိုးသမီးဟာ ဘားအံမြို့ နယ်၊ ဘားကပ်၊ တောကြီးကုန်းကျေးရွာမှ ာနေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် မဇာခြည်လှိုင်ဖြစ်ပြီး ဒုတိယနှစ် (သင်္ချာ) ကျောင်းသူဖြစ်ပါတယ်။

မတ် ၃၀ ရက်က  ဇွဲကပင်တောင်ပေါ်ကို ဘုရားဖူးလာရင်း  ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ဇွဲကပင်တောင်တက်လမ်း၊ အထက်ရေတံခွန်အလွန်၊ ဘုရားလေးအနီးရှိ မရမ်းပင်အောက်မှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေရရှိထားပြီး သစ်ရွက်တွေနဲ့ ဖုံးအုပ်လျက်သား ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နိုင်ငံခြားသားခရီးသွား ၁ ဦး၊ ၂၀၂၀ ခုနှစ်မှာ ဒေသခံ ဘားအံတက္ကသိုလ်ကျောင်းသူ ၁ ဦး၊ ကျောင်းသား ၁ ဦး တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။

ဇွဲကပင်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ကရင်ပြည်နယ်ရဲ့ အထွဋ်အမြတ်ထားရာ သမိုင်းဝင်ဆံတော်ရှင်ဘုရားတည်ရှိသလို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အများဆုံးလာရောက်လည်ပတ်တဲ့ အထင်ကရတောင်ဖြစ်ပြီး တောင်ပေါ်ကို တောင်ရဲ့အရှေ့ခြမ်း ခလောက်နို့ကျေးရွာနဲ့ တောင်ရဲ့အနောက်ခြမ်း တော်ပုံကျေးရွာကနေ တက်ရောက်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013