DVB Logo
Home
နိုင်ငံတကာ
နီပေါနိုင်ငံ မြို့အချို့တွင် ဘာသာရေးပဋိပက္ခမှ အကြမ်းဖက်မှုဖြစ်ပြီး ညမထွက်ရအမိန့်ထုတ် 
DVB
·
August 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

နီပေါနိုင်ငံမှာ လူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ဘာသာရေး အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်းရှိ မြို့တချို့မှာ စိုးရိမ်စရာ တင်းမာမှုတွေ ဆက်ရှိနေတာကြောင့် ဇူလိုင် ၃၁ ရက်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။

အိန္ဒိယနယ်စပ်အနီး နီပေါနိုင်ငံ၊ ဆွန်ဆာရီခရိုင်ထဲက ဒီဝမ်ဂန့်ဂျ်မြို့မှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဟိန္ဒူနဲ့ မွတ်စလင် အသိုက်အဝန်း ၂ ခုကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် လူ ၂၅ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဟိန္ဒူ ဘာသာရေးပွဲတော်တခုအတွင်း သီချင်းအသံကျယ်ကျယ် ဖွင့်တာနဲ့ ဘာသာရေး အလံတွေ စိုက်ထူတဲ့ ကိစ္စအပေါ် အငြင်းပွားရာကနေ အကြမ်းဖက်မှု စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းက ဆွန်ဆာရီ ခရိုင်မှာ အမျိုးသား ၂ ယောက် သေနတ်မှန် သေဆုံးခဲ့သလို၊ ဇူလိုင် ၃၀ ရက်ကလည်း အိမ်နီးချင်း ဆိရာဟာခရိုင်မှာ ကြိုကြားကြိုကြား ပဋိပက္ခတွေ ဆက်ဖြစ်ပွားခဲ့တာ ကြောင့် တတိယမြောက် လူတယောက်ထပ်မံ သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘီနာရာယန် ကာဖယ်လ်က ဒီဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေး နေတယ် လို့ ပြောပါတယ်။

သောကြာနေ့မှာတော့ အကြမ်းဖက်မှုတွေ မရှိတော့ပေမဲ့ နောက်ထပ် ထပ်မဖြစ်ပွားအောင် တားဆီးတဲ့အနေနဲ့ မြို့အတော်များများမှာ အချိန်အကန့်အသတ်မရှိ ညမထွက်ရအမိန့် ထုတ်ပြန်ထား တာပါ။

ဂျန်ဇီအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ တက်လာတဲ့ နီပေါဝန်ကြီးချုပ် ဘာလန်ဒရာရှားကလည်း နီပေါနိုင်ငံမှာ ရိုက်ခတ်နေတဲ့ "မငြိမ်မသက် ပဋိပက္ခတွေ" ကို ဖယ်ရှားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013