DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု ချက်ချင်းရပ်ရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး ပြင်းထန်စွာ သတိပေး
DVB
·
April 1, 2022
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု ချက်ချင်းရပ်ရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး ပြင်းထန်စွာ သတိပေး
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူတွေအနေနဲ့ ရှေ့လာမယ့်အခွင့်အရေးတွေ  ဆုံးရှုံးမှုမရှိစေဖို့ စာမေးပွဲဖြေဆိုတာတွေကို ချက်ချင်း ရပ်နားဖို့  ဇိုမီးဖက်ဒရယ်အစည်းအရုံးက မတ် ၃၁ ရက်စွဲနဲ့  ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။

ဒီစာမေးပွဲဖြေဆိုခြင်းဟာ ပညာရေးကို ဦးတည်ဆောင်ရွက်တာမဟုတ်ဘဲ စစ်အာဏာရှင်က သူတို့အာဏာတည်ရှိကြောင်း လိမ်လည်ပြသဖို့အတွက်သာ ဖြစ်တာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားတဲ့အတိုင်း ဒီစာမေးပွဲဖြေဆိုမှုကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တီးတိန်နဲ့ တွန်းဇံမြိုနယ်တွေက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလည်း လုံးဝအသိအမှတ်ပြုမှာ မဟုတ်ကြောင်းနဲ့ ဒီစာမေးပွဲဖြေဆိုသူတွေဟာလည်း ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး ပြည်သူတွေအပေါ်  သစ္စာဖောက်ဖျက်သူတွေအဖြစ် သတ်မှတ်ရမှာဖြစ်လို့ စာမေးပွဲအောင်မြင်ခဲ့ရင်လည်း လုံးဝ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။။

နောက်ပြီးတော့ ခုလိုစာမေးပွဲဖြေဆိုသူတွေအားလုံးကို ပြည်သူ့အုပ်ချုပ်ရေးခေတ် ရောက်ရှိလာတဲ့ အချိန်မှာလည်း ဘယ်တော့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  ဖြေဆိုခွင့်ပြုလိမ့်မှာ မဟုတ်ကြောင်းနဲ့ လိုအပ်ပါက ခုလက်ရှိဖြေဆိုနေသူတွေရဲ့ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ၁၀ တန်းစာမေးပွဲကာလဟာ မတ် ၃၁ ရက်ကနေ လာမယ့်ဧပြီ ၉ ရက်နေ့အထိဖြစ်ပြီး အခုနှစ် စာမေးပွဲကို လာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်ကတော့ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာတော့ စာစစ်ဌာန ၉ ခုမှာ ဖြေဆိုသူဦးရေ ၂,၂၅၉ ယောက် ရှိပြီး မြန်မာနိုင်ငံတဝန်း ၃၂ မြို့နယ်ရှိ စာစစ်ဌာန ၁,၂၅၆ ဌာနမှာ တက္ကသိုလ်ဝင်တန်း ကျောင်းတွင်း ဖြေဆိုသူ ၂၀၀,၇၆၈ ယောက်၊ အလွတ်ဖြေ ၁၁၁,၅၃၁ စုစုပေါင်း ၃၁၂,၂၉၉ ယောက် ဖြေဆိုဖို့ စာရင်းသွင်းထားပါတယ်။

ရခိုင်ပြည်နယ်က ၄၅,၅၉၂ ယောက်နဲ့ စာဖြေသူ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄၀,၃၂၀ ယောက်နဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ၃၇,၅၆၀ ယောက်နဲ့ တတိယ၊ မန္တလေးတိုင်းက ၃၇,၂၀၂ ယောက်နဲ့ ကျောင်းသားအရေအတွက် စတုတ္ထအများဆုံး ဖြေဆိုကြဖို့ စာရင်းသွင်းထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013