DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံက မြန်မာလုပ်သားများကို ပြန်လည်ခေါ်ယူမည်
DVB
·
March 31, 2022
မလေးရှားနိုင်ငံက မြန်မာလုပ်သားများကို ပြန်လည်ခေါ်ယူမည်
Donate to DVB

မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူဖို့ စတင်နေပြီဖြစ်လို့ လိုင်စင်ရအေဂျင်စီတွေအနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ MOEAF မှ ဦးဆောင်ကာ လိုင်စင်ရအေဂျင်စီတွေနဲ့ တွေ့ဆုံခဲ့ပြီး မလေးရှားနိုင်ငံဆီ ထွက်ခွာမယ့် မြန်မာလုပ်သားတွေကို ဆေးစစ်တာနဲ့ စေလွှတ်ရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသေးတယ်။

မလေးနိုင်ငံဆီ တရားဝင်စေလွှတ်ခွင့်ရရှိထားတဲ့ လိုင်စင်ရအေဂျင်စီမှ လုပ်ငန်းရှင်တဦးက “မလေးရှားဘက်ကလည်း အရင်အဟောင်းတွေကို ဦးစားပေးပြီး သူတို့ ဆောင်ရွက်ပေးနေတယ်နော်။ ဒီတော့ မလေးရှားဘက်က သူတို့ ခွင့်ပြုမိန့်ပေးထားတဲ့သူတွေအတွက် အလုပ်ခေါ်စာတွေကို သက်တမ်း ပြန်တိုးပေးတာတွေ လုပ်ပေးနေပြီ။ ဒါကြောင့် မလေးရှားဘက်က ဆောင်ရွက်ပေးရတဲ့ လုပ်ငန်း တစိတ်တပိုင်း ရှိနေပြီဖြစ်လို့ ဒီဘက်ကလည်း ကိုယ့်အပိုင်းက ဆောင်ရွက်ရာမှာ ကျန်မနေရအောင် အလုပ်ခေါ်စာတွေ ကမ်းလှမ်းစာတွေ ရရှိခဲ့ရင် တင်ကြပါဆိုပြီး မြန်မာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အသင်းဝင်တဦးက “ကျနော်တို့ ယခင်(၂၀၂ဝခုနှစ်၊ မတ်လ ၁၈ ရက်နေ့)က တင်ထားခဲ့တဲ့ ကလေးတွေရဲ့ ဆေးစစ်ချက်ဒေတာတွေက အခုအချိန်မှာ ပြန်ပြီး သက်တမ်းတိုးတဲ့အခါ ဒေတာတွေက ထပ်နေတယ်ဆိုပြီး ဖြစ်လာတယ်။ အဲ့ဒါလေးတွေကို ဘယ်လို ဖြေရှင်းမလဲဆိုပြီးတော့ သံရုံးက တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ သွားဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲ့ဒီ့က သူတို့ အကြံပြုချက်တွေကို ကျနော်တို့ရဲ့ အသင်းဝင်တွေထံ ပြန်ပြီးတော့ ဝေမျှပေးတာပါ။ ဘာတွေ၊ ဘာတွေကတော့ ဘယ်လို လုပ်လို့ ရပါတယ်ဆိုတာကို ခေါ်ပြီး ရှင်းပြပေးတာပေါ့။ တကယ်လို့ အခက်အခဲ ရှိလို့ရှိရင်လည်း ဘယ်သူတွေနဲ့ ဆက်သွယ်ရမယ်၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုပြီး ကျနော်တို့ ဆွေးနွေးခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေအရ အခြေခံလုပ်ခလစာမှာ မလေးရှားငွေကြေး ရင်းဂစ် ၁၂၀၀ သတ်မှတ်ထားပေမဲ့ လာမယ့် မေလ ၁ ရက်ကစပြီး အခြေခံလုပ်ခလစာကို ရင်းဂစ် ၁၅၀၀ အထိ တိုမြှင့်သတ်မှတ်သွားဖို့ ရှိပါတယ်။

ဒါကြောင့် တရားဝင် သတ်မှတ်ချက်ထွက်လာပြီး ရင်းဂစ် ၁၅၀၀ ဖြစ်ပါက မြန်မာလုပ်သားတွေလည်း တပြေးညီခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မလေးနိုင်ငံဆီ သွားရောက်လုပ်ကိုင်ရာမှာ များသောအားဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍဖြစ်တဲ့ စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးလုပ်ကိုင်နေကြပြီး ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၅၀ နဲ့ မြန်မာငွေ ၂၂၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013