DVB Logo
Home
မြန်မာသတင်း
အာရှလမ်းမကြီး ပိတ်ထားသဖြင့် မွန်ပြည်နယ်အတွင်း ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ပြီး ပစ္စည်း ပြတ်လပ်လာ
DVB
·
March 31, 2022
အာရှလမ်းမကြီး ပိတ်ထားသဖြင့် မွန်ပြည်နယ်အတွင်း ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ပြီး ပစ္စည်း ပြတ်လပ်လာ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေပြီး အာရှလမ်းမကြီး ပိတ်ထားတာကြောင့် မွန်ပြည်နယ်အတွင်း ထိုင်းဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာနေသလို ပစ္စည်းပြတ်လပ်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲ စစ်အင်းအား ပိုမိုတိုးချဲ့ ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း အသုံးပြုမှုတွေကို မတ်လ ၂၇ ရက်နေ့က စတင်ကာ သွားလာခြင်းမပြုလုပ်ဖို့ KNU ဘက်က သတိပေး တားမြစ်ထားတာပါ။

ဒါကြောင့် ကုန်ပစ္စည်းစီးဆင်းမှု မရှိတော့သလို မြန်မာ့နှစ်သစ်ကူးကာလ အကြိုမှာ ကုန်သွယ်ရေးတွေအပြင် ခရီးသွားလုပ်ငန်းတွေပါ အကြီးအကျယ် ထိခိုက်ခဲ့ကြတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ကုန်ပစ္စည်း တင်သွင်းနိုင်ခြင်း မရှိတော့တာကြောင့် အခြေခံ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာနေပြီး ဈေးကွက်မှာ ကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ရောင်းဝယ်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို စိုက်ပျိုးရေးနဲ့ ရေထွက်ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေကို အဓိက တင်သွင်းနေတာပါ။

ထိုင်းပစ္စည်း ဝယ်ရောင်းနေသူတဦးက “အခု မြဝတီနယ်စပ်ဘက် အသွားအလာတွေ မရှိတော့ ထိုင်းပစွည်းလည်း မှာယူတင်သွင်းလို့လည်း မရ၊ ပစ္စည်းတွေ ပြတ်လတ်လာသလို ရှိတဲ့ လက်ကျန်ပစ္စည်းတွေနဲ့ပဲ အရောင်းအဝယ် လုပ်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပြီး အခု အတာသင်္ကြန်ကာလ နီးလာချိန်မှာလည်း အရောင်းအဝယ်တွေ ထင်သလောက် မကောင်းကြဘူးလို့ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ဈေးသည်တွေက ပြောပါတယ်။

ဒေသခံ ဈေးသည်တဦးက "စစ်တပ် အာဏာမသိမ်းခင်ကဆို အခုလို အတာသင်္ကြန်ရက် နီးလာပြီဆိုရင် ထိုင်းကုန်ပစ္စည်းတွေ အဝင်များပြီး အခွန်အခတွေလည်း သက်သာမယ်၊ သယ်ယူစရိတ်တွေလည်း သက်သာပြီး ကုန်ဈေးနှုန်းလည်း ချိုသာနေမယ်ဆိုရင် သာရေးနာရေးကအစ အလှူအတန်းတွေမှာ ဝယ်ယူသူများပြီး အရောင်းအဝယ် ကောင်းကြတယ်" လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်က တဆင့် ဝင်ရောက်လာတဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည် စတဲ့ ထိုင်းကုန်ပစ္စည်းတွေကို မွန်ပြည်နယ်တဝန်းမှာ ဝယ်ယူသုံးစွဲနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013